🏵️ နေထွက်တဲ့ ရွှေမနက်ခင်းမှာ
ပန်းနေကြာ ရောင်သွေးဖြာလို့
တီတာတာ ကျေးငှက်ဆိုတေးသံ
ကြည်လင်တဲ့ စမ်းချောင်းရေလေး
တသွင်သွင် စီဆင်းနေဆဲ။ ။
🏵️ တသဲ့သဲ့ အုန်းမောင်းခတ်သံလေး
ဝန်းကျင်နီး ပျားပိတုန်းပျံဝဲလို့
ရောင်သွေးစုံ လိပ်ပြာတောင်ပံခတ်သံက
ကျက်သရေပြည့် သည်ရွှေမနက်ခင်းကို
အလှတွေပွါး တိုးများစေကြတော့တယ်။ ။
🏵️ ကြည်ပြာရောင် ကောင်းကင်အောက်မှာ
ရိုးရှင်းတဲ့ အဝတ်သာဆင်မြန်းလို့
မဟာမြေ တူးဖို့ရန်ပြင်
သီးနှံစုံ စိုက်ဖို့ရန်ရွယ် လူတစ်ချို့
ပေါက်တူးကိုင် ချီတက်တော့တယ်။ ။
🏵️ တအွတ်အွတ်နဲ့ ခေါင်မိုးထက်က
မီးခိုးရောင် "ခို"မိသားစုတွေဖြင့်
ဟိုသည်ပျံ ဝဲပျံရှုတ်ရှက်
ကောက်ရိုးတချီ မြက်ခြှောက်တချီနှင့်
နွေးထွေးတဲ့ အသိုက်လေးဆောက်တည်ကြတယ်။ ။
🏵️ လုံမပျိုတသိုက် လူပျိုတသိုက်
သန့်သန့်ရှင်း အဝတ်ဆင်မြန်းကာ
ဦးတည်ရာ ဘုရားကျောင်းဆီသို့
ညီညာညာ ခြေလှမ်းတွေနဲ့
အားမာန်အပြည့် ချီတက်ကြတယ်။ ။
🏵️ အိမ်အပြန် လမ်းခရီးမှာ
ပင့်ယူခဲ့ "ကိုယ်တော်မြတ်"က
နှလုံးသားထဲ အသွေးအသားထဲစီးလို့
စိတ်ငြိမ်းချမ်း နှလုံးအေးချမ်းကာ
စိတ်ဝိညာဉ် အသစ်တဖန် နိုးကြားလာပါတော့တယ်။ ။
✍️နောင်လိွုင်းလူ (ကလေး)✍️