Notice

Hello Everyone! My Page is still under construction! Thank You for your visit.

Warmly Welcome from Naung Loy Lu - Kalay's personal blog!
Greeting from Naung Loy Lu (Kalay)!
Hello, friends, life is short and precious. I publish this blog for the intention of to be my footprint after my death. I am very interested in blogging.Thanks to visiting my blog. You can contact me via gmail,i.e., naungloylu@gmail.com
Showing posts with label Articles. Show all posts
Showing posts with label Articles. Show all posts

လူဖြစ်ခွင့်ပေးပါ

''ကမ္ဘာမြေပေါ်ရှင်သန်ခွင့်ပေး မေမေ ...

လူဖြစ်ခွင့်ပေး ဖေဖေ ...

အမေ့ရဲ့နို့ချိုတစ်စက်နဲ့ ရန်တွေကာကွယ်ဖို့ 

ကမ္ဘာမြေပေါ်ရှင်သန်ခွင့်ပေး မေမေ ...

လူဖြစ်ခွင့်ပေး ဖေဖေ ...''

သန့်ရှင်းရေးလုပ်ရန်အတွက် အခန်းထဲရှိ ကြမ်းပြင်ကို တိုက်နေစဉ်တွင် အဝေးတစ်နေရာမှ အသံချဲ့စပီကာမှ ကြားရသော နိုင်ငံကျော်အဆိုတော် ဝေလ၏ ''လူဖြစ်ခွင့်ပေးပါ'' ဟူသော သီချင်း၊ မိခင်ဝမ်းထဲမှ မမွေးဖွားသေးသော ခလေးငယ်၏ နာကျင်ကြေကွဲမှု ဖြစ်စဉ်နှင့်အတူ လူသားတစ်ယောက်ဖြစ်ခွင့် တောင်းဆိုထားသည့်ပုံစံဖြင့် ခံစားရေးဖွဲ့ထားသော ထိုသီချင်းကြောင့်လုပ်လက်စ အလုပ်ကိုပင် ခေတ္တခဏရပ်ပြီး ဆက်၍နားထောင်နေမိသည်။



''ကမ္ဘာကြီးပေါ်က လူတွေအကြောင်း သားသိချင်သေးတယ် ...

မောင်နှမတွေနှင့်အတူတူ ကျောင်းသွားတက်ချင်တယ် ...

တောင်တန်းတွေနှင့် ပင်လယ်များလည်း ကြည့်ချင်သေးတယ် ...

ဖျက်မချလိုက်ပါနဲ့ ...''

''ရှင်မာတေဦးကျမ်း ၂း၁၆

ဤသူငယ်တို့ အဘယ်အရာအား ေြ<ွကးကြော်နေကြသည်ကို ကြားပါသလော။''

ရင်နှင့်ဖွယ်သီချင်းလေး နားထောင်စဉ်မှာပင် ကျွန်တော့်နှလုံးသားထဲတွင် တစ်စုံတစ်ခု ဝင်ရောက်စီးမျှောနေကြောင်း သတိ

ထားမိလိုက်သည်။ ကျွန်တော်သည် ဂီတကို စိတ်ဝင်စား၏။ ရံဖန်ရံခါတွင် အဆိုတော်ကြီးများ၏ နားထောင်ချင်စဖွယ် သာယာသော

သီချင်းဆိုသံနှင့် တေးသံစဉ်များကြားထဲတွင် နစ်မြောရင်း ပူဆွေး၊ ဝမ်းနည်းခဲ့ရသော နေ့ရက်များကို ကျော်ဖြတ်ခဲ့ဖူးသည်။ သီချင်း

များအားဖြင့် ချည့်နဲ့နေသော အားအင်များကိုလည်း အသစ်တဖန် ပြန်လည်နိုးကြားစေခဲ့သည့်နေ့ရက်များလည်း ရှိခဲ့ဖူးသည်။ ယခုတိုင်

လည်း ရှိနေဆဲပင်။ ဓမ္မသီချင်းများ၊ ဂုဏ်တော်ကျူးသီချင်းများကို နားထောင်ရင်းနဲ့လည်း ဝိညာဉ်ရေးအသက်တာကို ယနေ့ထိတိုင် တိုး

တက်အောင် ကျင့်ကြံနေဆဲပင်။ စင်စစ်အားဖြင့် သီချင်းများသည် ကျွန်တော့်ဘဝ၏ အကောင်းဆုံး အဖော်မွန်များဟု ဆိုရလျှင်ပင် မှားမည်မထင်။ ယခုကြားလိုက်ရသော သီချင်းအမျိုးအစားများကိုမူ မကြားရသည်မှာ အလွန်ကြာညောင်းခဲ့ပေသည်။

လတ်လတ်ဆတ်ဆတ်ကြားလိုက်ရသော ထိုသီချင်းကြောင့်ပင် မိခင်ဝမ်းကြာတိုက်ထဲ၌ ရှိနေသေးသော မမွေးဖွားသေးသည့် အပြစ်ကင်းစင်သော သန္ဓေသားလေး၏ ခံစားချက်ပေါင်းစုံကို ခံစားနားလည်ခဲ့ရပေသည်။ လူ့လောကထဲသို့ ဝင်ရောက်ခြင်းမရှိသေးသော

ခလေးငယ်သည် သူ၏ အမေနှင့်အဖေကို ကြည့်ချင်လှကြောင်း သီချင်းစာသားအားဖြင့် သိခွင့်ရရှိခဲ့၏။ ကမ္ဘာမြေကြီးပေါ်တွင် နေထိုင်

ကြသော လူသားများအကြောင်း၊ အိမ်နီးချင်းများအကြောင်းကိုလည်း သိချင်လှ၏။ ကျွန်တော်သည် အမိဝမ်းတွင်းမှထွက်လာ၍ လူ့လော

ကထဲတွင် အသက်ရှင်နေထိုင်ခဲ့သည်မှာ အနှစ်နှစ်ဆယ်ကျော်လွန်ပြီးဖြစ်ပါသည်။ ခလေးလေးအရွယ်မှစ၍ ကျွန်တော်တွေ့ကြုံခံစား

ခဲ့ရသော၊ မြင်တွေ့ခဲ့ရ၊ ကြားဖူးခဲ့ရသော တိရစ္ဆာန်များ၊ စိမ်းလန်းစိုပြေနေသော သဘာဝရေ၊ မြေ၊ တောတောင်ရှုခင်းအလှများ၊ စမ်း

ချောင်းလေးများ၏ တသွင်သွင်စီးဆင်းသံများ၊ ငှက်ကလေးများ၏ တေးဆိုသံနှင့် ပန်းကလေးများ၏အလှတရားများကို ထိုခလေးငယ်

သည် မြင်ဖူးချင်ပေမည်။ ကြားဖူးချင်ပေမည်။ ခံစားဖူးချင်ပေမည်။ ဟူ၍ ကျွန်တော်သည် အတွေးများဖြင့် ပြည့်နှက်နေပါတော့သည်။

နွေးထွေးသော အမေ့ရင်ခွင်တွင် မှေးစက်၊ နားခိုချင် ပေလိမ့်မည်။ ဒုက္ခရောက်ချိန်၌ ဧရာမအကာအကွယ်ကြီးဖြစ်သော အဖေ့အရိပ်အောက်

တွင် ကျွန်တော်ကဲ့သို့ ခိုလှုံနေချင်ပေလိမ့်မည်။ ကျွန်တော်စာရေးသူကဲ့သို့ပင် ကျောင်းတက်၊ ဘွဲ့ရပြီး အများကောင်းကျိုးသယ်ပိုးချင်သူ

ဖြစ်ချင်ပေလိမ့်မည်။ ဘုရားကျောင်းတက်ချင်ပေလိမ့်မည်။ စသည်ဖြင့် နက်ရှိုင်းသော အတွေးအာရုံများသည် ကျွန်တော့်စိတ်ထဲတွင်

ပြည့်နေပါတော့သည်။ ပညာတတ်ဖြစ်၍ နိုင်ငံ့ဂုဏ်မြှင့်တင်ပေးသော၊ သာသနာ့ဂုဏ်မြှင့်တင်ပေးသော သားသမီးကောင်းများ၊ ခေါင်း

ဆောင်ကောင်းများ၊ သာသနာပြု ပုဂ္ဂိုလ်တော်မြတ်များဖြစ်ချင်ကြပေလိမ့်မည်။ ဟူ၍ စဉ်းစားနေရင်း နှလုံးသားထဲမှ ထိုမမွေးဖွားသေးသော

လူဖြစ်ခွင့်မရကြသေးသော သန္ဓေသားလေးများအပေါ် သနားကြင်နာစိတ်၊ ဂရုဏာသက်ဝင်စိတ်များ တဖွားဖွားပေါ်လာပြန်ပါတော့သည်။

''သန္ဓေသားကို သန္ဓေတည်သော အချိန်မှစ၍ လူပုဂ္ဂိုလ်အဖြစ် ဆက်ဆံရမည်ဖြစ်သဖြင့် အခြားလူပုဂ္ဂိုလ်များကဲ့သို့ အတတ်

နိုင်ဆုံး၊ အပြည့်အဝကာကွယ် စောင့်ရှောက်ခြင်း၊ ဂရုစိုက်ခြင်း၊ ကုသခြင်းများ ပြုလုပ်ပေးရမည်။ (ဃဃဃ -၂၂၇၄)

လွန်ခဲ့သော အနှစ် နှစ်ဆယ်ကျော်ခန့်က ထိုခလေးလေးသာ မမွေးဖွားခဲ့လျှင် ကျွန်တော်ဟူသော လူသားတစ်ယောက် ဖြစ်လာ

လိမ့်မည်မဟုတ်ချေ။ လွန်ခဲ့သော အနှစ် (---)ကျော်ခန့်က ထိုခလေးလေးသာ လူဖြစ်ခွင့်မရရှိခဲ့လျှင် မွေးဖွားခွင့်မရခဲ့လျှင် သင်ဟူသော

လူပုဂ္ဂိုလ်ဖြစ်ပေါ်လာလိမ့်မည်မဟုတ်ပေရာ။ ထို့ကြောင့် စာဖတ်သူများကို စဉ်းစားစေချင်လှ၏။ သန္ဓေသားလေး၏ဘဝသည် အကယ်၍ ကျွနု်ပ်တို့အပေါ်မှာ မှီတည်နေလျှင် ဖျက်ချမည်လော။ မွေးဖွားခွင့်ပေးမည်လော။ ကျွနု်ပ်တို့ကဲ့သို့ပင် အသက်ရှင်ခွင့်ပေးမည်လော။

အကယ်၍သာ သင်သည် ဖျက်ချမိလျှင် သင်လူသတ်သမားတစ်ယောက်ဖြစ်သွားလေရာ ဖန်ဆင်းရှင်ဘုရားသခင်နှင့် သူပေးထားသော ပညတ်တော်များကိုပါ စော်ကားရာ၊ မလေးစားရာ၊ မရိုသေရာသဘောမျိုးဖြစ်လာသကဲ့သို့ ဘုရားသခင်ကို လက်မခံသောသူတစ်ယောက်

ဖြစ်ပေတော့မည်။ သန္ဓေသားလွယ်ထား၍ ထိုသန္ဓေသားကို နည်းလမ်းအမျိုးမျိုးဖြင့် ဖျက်ချရန်ကြံစည်နေကြသော တစ်ချို့သောမိဘ များ၊ တစ်ချို့သောလူငယ်များကို စဉ်းစားတွေးတောစေချင်လှသည်။ ''အကယ်၍ သင့်အဖေနှင့်သင့်အမေသည် သင်ဖြစ်တည်လာမည့် သန္ဓေသားလေးကို ဖျက်ချခဲ့လျှင် သင်ဖြစ်လာနိုင်ဖို့ အကြောင်းမရှိတော့ချေ။ သင်ချစ်မြတ်နိုးသော သင့်ချစ်သူနှင့်ပင် ဆုံတွေ့ခွင့်၊ ဖူးစာဆုံခွင့် ရရှိနိုင်မည်မဟုတ်ချေ။ သင်ကဲ့သို့ ဘုရားသခင်ကို ပေးဆပ်အစေခံတတ်သော၊ အများအကျိုး သယ်ပိုးဆောင်ရွက်နိုင်

သော လူသားတစ်ဦး ဖြစ်လာနိုင်မည်မဟုတ်ပေရာ။

''ဆာလံကျမ်း ၁၂ရး၃

သားသမီးများသည် ထာဝရဘုရားသခင်၏ အမွေတော်ဖြစ်၏။ သူတို့သည် ကိုယ်တော်ပေးသနားတော်မူသော ဆုလာဘ်များဖြစ်ကြ၏။'' သို့ဖြစ်ပါ၍

''အပြစ်ကင်းကင်းဖြင့် လူ့လောကထဲသို့ မွေးဖွားလာမည့် ထိုသန္ဓေသားငယ်လေးကို မဖျက်ချလိုက်ပါနဲ့။

ရဟန်းဘုန်းတော်ကြီး၊ ကိုရင်၊ သီလရှင် ဖြစ်နိုင်သော ထိုသန္ဓေသားငယ်လေးကို မဖျက်ချလိုက်ပါနဲ့။

သာသနာ့အကျိုးပြု ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်နိုင်သော ထိုသန္ဓေသားငယ်လေးကို မဖျက်ချလိုက်ပါနဲ့။

နိုင်ငံအကျိုးပြု ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်နိုင်သော ထိုသန္ဓေသားငယ်လေးကို မဖျက်ချလိုက်ပါနဲ့။

¤င်းသန္ဓေသားငယ်လေးသည် နိုင်ငံတော်သမ္မတစ်ယောက်ဖြစ်နိုင်ပေရာ မဖျက်ချလိုက်ပါနဲ့။

လူသားများစွာ၏အသက်ကို ကယ်တင်ပေးနိုင်သော ဆရာဝန်/မကြီးဖြစ်နိုင်ပေရာ မဖျက်ချလိုက်ပါနဲ့။

ကျောင်းဆရာ/မ တစ်ယောက်ဖြစ်နိုင်ပေရာ မဖျက်ချလိုက်ပါနဲ့။

သန်းြ<ွကယ်သူဌေးကြီးတစ်ယောက်ဖြစ်နိုင်ပေရာ မဖျက်ချလိုက်ပါနဲ့။

အင်ဂျင်နီယာတစ်ယောက်ဖြစ်နိုင်ပေရာ မဖျက်ချလိုက်ပါနဲ့။

ကုန်ကုန်ဆိုရလျှင် သင်ကဲ့သို့ လူသားတစ်ယောက် (ဆိုးဆိုး/ကောင်းကောင်း) ဖြစ်ခွင့်ရရန် မဖျက်ချလိုက်ပါနဲ့။'' ဟူ၍ တိုက်တွန်း

ချင်လှ၏။ သန္ဓေသားဖျက်ချခြင်းသည် လူသားတစ်ယောက်ကိုသတ်ခြင်းဖြစ်သဖြင့် နောက်ဆုံးသောနေ့၌ အပြစ်စီရင်ခြင်းခံရပေမည်။

''မျက်မှောက်ခေတ်ကာလတွင် တိရစ္ဆာန်များ၏ ရင်သွေးငယ်လေးများအပေါ်ထားရှိသည့် ချစ်ခြင်းမေတ္တာ၊ တာဝန်ဝတ္တရားများ

သည် အချို့သောလူသားများ၏ ရင်သွေးအပေါ်တွင်ထားရှိရမည့် ချစ်မေတ္တာ၊ ရှိရမည့် တာဝန်ဝတ္တရားထက်ပို၍ မြင့်မားလာသလိုပင်။

တိရစ္ဆာန်များသည် အချို့သောလူသားများထက် ပို၍တာဝန်ကျေပွန်သလိုလို၊ တိရစ္ဆာန်များ၏ ချစ်ခြင်းမေတ္တာသည် မပြောင်းလဲနိုင်သလိုလို၊ အချို့သော လူသားများ၏ အချစ်သည် ပြောင်းလဲနေသလိုလိုပင်'' ဖြစ်နိုင်ပေရာ ကျွနု်ပ်တို့သည် သေချာစွာစဉ်းစားရပေတော့မည်။ 

(ဤတွင် အချို့ ဟူသော အသုံးအနှုန်းကို စာဖတ်သူ သတိထားမိပေလိမ့်မည်။)

''သင်တို့သည် သန္ဓေသားလောင်းကို ဖျက်ချခြင်းဖြင့် မွေးကင်းစ ကလေးအား ဖျက်ဆီးခြင်းဖြစ်ရာ မသတ်ဖြတ်ရ။ အသက်၏

အရှင်သခင်ဖြစ်တော်မူသော ဘုရားသခင်သည် အသက်ကို ကာကွယ်စောင့်ရှောက်ရန် မြတ်သောတာဝန်ကို လူသားတို့အား ပေးဆပ်

တော်မူသောကြောင့် လူသားသည် ဤတာဝန်ကို ယင်းတို့၏ ဂုဏ်သိက္ခာနှင့်အညီ ထမ်းဆောင်ရမည်ဖြစ်သည်။ သန္ဓေတည်ချိန်မှစ၍

အသက်ကို အထူးဂရုစိုက် စောင့်ရှောက်ရမည်ဖြစ်ပြီး သန္ဓေဖျက်ချခြင်းနှင့် မွေးစသူငယ်များအား သတ်မှုသည် စက်ဆုပ်ဖွယ်ကောင်းသော

ပြစ်မှုဖြစ်သည်။'' (ဃဃဃ -၂၂၇၁)

ယနေ့ကမ္ဘာပေါ်တွင် မိခင်၏နို့ရည်ကို မစုပ်ခဲ့ရသေးသော ခလေးငယ်ပေါင်းများစွာ၏အသက်သည် ပျက်ဆီး၊ ဆုံးရှုံးနေဆဲပင်။

မိဘများ၏ နွေးထွေးသည့်ချစ်မေတ္တာကို ကိုယ်တိုင်မခံစားခဲ့ရသေးသော လူသားခလေးငယ်များစွာ ရှိနေကြဆဲပင်။ ပညာသင်ခွင့် ဆုံး

ရှုံးခဲ့ရပြီး လမ်းဘေးတွင် လေလွင့်နေသော ကလေးငယ်များစွာ ရှိနေကြဆဲပင်။ လိင်ကျွံပြုခံနေရသော ကလေးငယ်များ၊ မတရားနှိပ်

စက်၊ ညှင်းပန်းခြင်းခံရသော ကလေးများစွာ ရှိနေကြဆဲပင်။ ပတ်ဝန်းကျင်၏ ဂရုပြုမှု၊ ချစ်ခြင်းမေတ္တာပေးခြင်းကို ဆာမွတ်နေသော

ကလေးငယ်များစွာ ယနေ့တွင် ရှိနေကြသေးသည်ကို ကြည့်ခြင်းအားဖြင့် အနာဂတ် လူသားများ၏ဘဝအတွက် ရင်လေးစရာပင်။

စာရေးသူ၏ စိတ်ထဲ၌လည်း ထိုမမွေးဖွားသေးသော သန္ဓေသားလေးများအတွက်နှင့် ပစ်ပယ်ခြင်းခံနေကြရသော ကလေးငယ်များ

အတွက် ဘုရားသခင်၏ ကွယ်ကာစောင့်ရှောက်မှုရရှိရန် အဆက်မပြတ် ဆုတောင်းမေတ္တာများ ပို့သနေမိပါတော့သည်။

''လူဖြစ်ခွင့်မရကြသေးသော သန္ဓေသားလေးများ လူဖြစ်ခွင့်ရရှိနိုင်ကြပါစေ။

ချစ်ခြင်းမေတ္တာငတ်မွတ်နေကြသော ကလေးငယ်များ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပို၍ ရရှိခံစားနိုင်ကြပါစေ။

    မိဘများနှင့်ဝေးကွာနေကြသောကလေးငယ်များ၊ စွန့်ပစ်ခံရသောကလေးငယ်များ ဘုရားသခင်ကောင်းကြီးပေးတော်မူပါစေ။''

''ရှင်မာကုခရစ်ဝင်ကျမ်း ၉း၃၇

ဤကဲ့သို့သော သူငယ်တစ်ဦးကို ငါ၏နာမ၌ လက်ခံသောသူမည်သူမဆို ငါ့ကိုလက်ခံ၏။ ငါ့ကိုလက်ခံသောသူ မည်သူမဆို ငါ့ကို လက်ခံခြင်းမဟုတ်ဘဲ ငါ့ကို စေလွှတ်တော်မူသောသူကို လက်ခံခြင်းဖြစ်သည်ဟု မိန့်တော်မူ၏။''

နောင်လွိုင်းလူ (ကလေး)

https://m.facebook.com/story.php?story_fbid=323272806478464&id=100063872403999

နေ့စဉ်အသက်တာအတွက် လိုအပ်သော အချက် (၁ဝ)ချက်

ဘဝဟူသည် အလွန်တိုတောင်းလှသော အချိန်ကာလတစ်ခုပင်ဖြစ်ပါသည်။ ထိုတိုတောင်းလှသော အချိန်အတွင်း

လူသားများဖြစ်ကြသော ကျွနု်ပ်တို့သည် အသက်ရှင်နေထိုင်ကြရင်း သေခြင်းတည်းဟူသော ဘဝ၏နိဂုံးသို့ တဖြည်းဖြည်းနှင့်

မသိမသာ ဦးတည်နေရပေသည်။ လူ့ဘဝသည် အလွန်ပင်ရခဲလှသည်ဖြစ်ပေရာ အသက်ရှင်နေထိုင်စဉ်အတွင်း အကျိုးရှိ

ရှိနေထိုင်ရမည်မှာလူသားများ၏တာဝန်တစ်ရပ်ဖြစ်ပေသည်။ ဘဝဟူသည်တိုတောင်းလှသည်ဆိုရသော်လည်း ¤င်းတိုတောင်း

လှသည့်အချိန်အတွင်းမှာပင် ရင်ဆိုင်ရမည့် အခက်အခဲနှင့် ဒုက္ခများသည် များပြားလှပေသည်။ သို့ရာတွင် ''အခက်အခဲရှိ

လျှင် ရင်ဆိုင်နိုင်ရမည်။'' ဟူသော ပညာရှိစကားသည် လူသားများ၏နှလုံးသားထဲတွင် ကိန်းဝပ်နိုင်ပါလျင်မူ အောင်မြင်

ခြင်းတည်းဟူသော ချိုမြိန်သည့်အရသာကို ခံစားနိုင်ရပါလိမ့်မည်။ သို့မဟုတ်လျှင် ခါးသက်သက်တည်းဟူသော ကျဆုံးခြင်း

ဖြင့်သာ ပက်ပင်းတိုးရပေတော့မည်။ ''လူဟူသည် ဘဝခရီးသည်တစ်ယောက်ပင်ဖြစ်သည်။'' ဟူသော စာရေးဆရာတစ်

ယောက်၏အသုံးအနှုန်းကို သတိရမိသေး၏။ အောင်မြင်မှုကို ပိုင်ဆိုင်နိုင်ရန် သိထားသင့်သည့်အချက်တစ်ချို့ကိုတင်ပြလို၏။



(၁) ဆုတောင်းသည်ဟုဆိုရာဝယ် သင်ဒုက္ခရောက်နေသည့်အချိန်၌ ဥပမာအားဖြင့် သင်ခရီးတစ်ခုမောင်းနှင်နေစဉ် ကားဘီးပေါက်၍ လဲလှယ်ဖို့ရန် အသင့်ပါလာသော သင်၏ဘီးပိုတစ်ခုကဲ့သို့မဟုတ်ချေ။ ဆုတောင်းခြင်းသည် သင့်ကိုစစ်မှန်သော လမ်းသို့ တိုက်ရိုက် ဦးတည်ရာတွင် ထိန်းချုပ်ပဲ့ကိုင်ပေးမည့် အရာတစ်ခုဖြစ်ပေသည်။

(၂) ကားတစ်စီး၏ အရှေ့၌ရှိသော လေကာမှန်သည် သေးငယ်သော နောက်ကြည့်မှန်ထက် အဆမတန်ပို၍ကြီးမား

နေရခြင်းသည်ကပင် ကျွနု်ပ်တို့၏အတိတ်ကာလတွေသည် ကျွနု်ပ်တို့၏ အနာဂတ်ကာလထက်ပို၍ အရေးမကြီး

ကြောင်း ဖော်ပြနေပေသည်။ သို့ဖြစ်၍ ကျွနု်ပ်တို့သည် ပန်းတိုင်ကိုသာ အာရုံစိုက်ပြီး ရှေ့ခရီးကို ဆက်လျှောက်ရမည်။

(၃) ခင်မင်ရင်းနှီးမူဟူသည် စာအုပ်တစ်အုပ်ကဲ့သို့ပင်။ အကြောင်းမှာ စာအုပ်တစ်အုပ်သည် လောင်ကျွမ်းပျက်စီးဖို့ရန်

အတွက် စက္ကန့်အနည်းငယ်သာ အချိန်ပေးရသော်လည်း ¤င်းစာအုပ်ထဲတွင် စာရေးသားရန်အတွက်ကိုမူ နှစ်လများ

စွာ အချိန်ယူရသည်။ ခင်မင်မှု ပျက်သုန်းဖို့ရန်အတွက်ကိုမူ စက္ကန့်အနည်းငယ်သာ အချိန်ပေးလိုက်ရသည်။

(၄) ဘဝဟူသည် အချိန်တခဏတာဖြစ်ပေသည်။ အရာအားလုံးသည်လည်း တခဏတာပင်။ ထို့ကြောင့်ရှင်သန်စဉ်အချိန်

တခဏတွင် အဆင်ပြေနေလျှင် ပျော်ရွှင်နေလိုက်ပါ။ အဘယ်ကြောင့်ဆိုသော် ပျော်ရွှင်မူသည် အချိန်ကြာကြာ ခံ

မည်မဟုတ်သောကြောင့်တည်း။ အဆင်မပြေလျှင်တော့ဖြင့် စိတ်ပူစရာမလိုပေ။ ထိုအဖြစ်အခြေအနေသည်လည်း

အချိန်ကြာကြာ ခံနိုင်လိမ့်မည်မဟုတ်ပေရာ။

(၅) သူငယ်ချင်းဟောင်းများသည် ရွှေကဲ့သို့ပင် အဖိုးတန်လှပေသည်။ သူငယ်ချင်းအသစ်များသည်လည်း စိန်ကဲ့သို့ပင် 

အဖိုးတန်လှပေသည်။ အကယ်၍ သင်သည် စိန်ကိုရလျှင် ရွှေကို မမေ့အပ်ပေ။ အကြောင်းမှာစိန်ကိုကြာကြာ 

ထိတွေ့ကိုင်တွယ်နိုင်ဖို့အတွက် သင်သည် ရွှေဖြင့်ရင်းနှီးနေရန်လိုအပ်သောကြောင့်ပင်။

(၆) တစ်ခါတရံ သင်သည် မျှော်လင့်ချက်ပျက်သုန်း၍ ''ဒါဟာငါ့ရဲ့နိဂုံးလား'' ဟူ၍ တွေးထင်ယူဆနေသောအခါ ကောင်း

ကင်၌ရှိသော သင်၏ ဘုရားသခင်သည် ''ချစ်သား/သမီး အနားယူပါ။ စိတ်အေးအေးထားပါ။ ဒါဟာ ခရီးစဉ်တစ်

ခုရဲ့ အကွေ့အကောက်လေးတစ်ခုသာဖြစ်တယ်။ နိဂုံးမဟုတ်ပါ။'' ဟုဆိုကာ သင့်ကို ပြုံးပြမည်ကို သတိရသင့်ပေသည်။

(၇) ဘုရားသခင်သည် သင်ရင်ဆိုင်ကြုံတွေ့နေရသော ဒုက္ခ၊ ပြသနာများကို ဖြေရှင်းပေးသောအခါ သင်သည် ဘုရားသခင် ၏ ဘုန်းဂုဏ်တော်မြတ်ကို ယုံကြည်ထားလို့ပင်ဖြစ်ပေသည်။ အကယ်၍ဘုရားသခင်သည် သင်ရင်ဆိုင်ကြုံတွေ့ ခံစားနေရသော ဒုက္ခ၊ အခက်အခဲ၊ ပြသနာများကို မဖြေရှင်းပေးလျှင်မူ ဘုရားသခင်သည် သင်၏ကိုယ်ပိုင်အရည် အချင်းအပေါ် ယုံကြည်အားထားလို့ပင်ဖြစ်ပေသည်။

(၈) မျက်မမြင်တစ်ယောက်သည် ရှင်သြဂုတ်စတင်းကို ပြောဆိုရာ၌ ''မျက်စိအမြင်အာရုံ ဆုံးရှုံးရခြင်းထက် ဘဝမှာ 
ကြီးများတဲ့ ဆုံးရှုံးမှုရှိနိုင်ပါတော့မလား။'' ဟု မေးရာတွင် ရှင်သြဂုတ်စတင်းမှ ''ရှိတယ် ငါ့သား။ သားရဲ့ ရည်မှန်း
ချက်နှင့် Óဏ်ရည်ကို ဆုံးရှုံးခြင်းပဲ။'' ဟူ၍ အဖြေပေးခဲ့ဖူးသည်။
(၉) တပါးသောသူများအတွက် သင်ဆုတောင်းပေးသောအခါ ဘုရားသခင်သည် သင်၏ဆုတောင်းသံကို လက်ခံ၍
ထိုသူများကို ကောင်းကြီးပေးတော်မူလေ့ရှိသည်။ တခါတရံ သင်ပျော်ရွှင်နေ၍ လုံလုံခြုံခြုံနှင့် ငြိမ်းချမ်းစွာနေရ
သည့်အခါ တစ်စုံတစ်ယောက်က သင့်အတွက် ဆုတောင်းပေးခဲ့တယ်။'' ဆိုသည်ကို သင်သတိရသင့်ပေသည်။
(၁ဝ) စိုးရိမ်ပူပန်နေခြင်းသည် မနက်ဖြန်၏ အခက်အခဲပြသနာများကို နှုတ်ယူဆွဲခေါ်မသွားနိုင်ပေ။ ¤င်းသည် ယနေ့၏
တိတ်ဆိတ်ငြိမ်သက် အေးချမ်းမှုကိုသာ နှုတ်ယူသွားနေပါတော့သည်။
အချိန်ဟူသည် စဉ်ဆက်မပြတ် ရွှေ့လျားကာ ပြောင်းလဲနေသည်။ ယခုလက်ရှိအချိန်၏ ကျွနု်ပ်တို့အသက်တာသည် နောက်နာရီဝက်တွင်မူ ပို၍ရင့်မာလာရပေသည်။ သို့ဖြစ်လေရာ လူ့လောကတွင် အသက်ရှင်စဉ် မလျှော့သောဇွဲ၊ ထက်သန်သော လုံ့လ၊ ဝီရိယများဖြင့်သာ ဘုရားသခင်ကိုအားကိုး၊ ယုံကြည်လက်ခံရင်း ဘဝ၏ခရီးစဉ်များကို ရှေ့ဆက် လျှောက်လှမ်းနိုင်ရန် ကြိုးစားအားထုတ်သင့်ပေသည်။ သို့မှသာ ကျွနု်ပ်တို့၏ ဘဝသည် နောက်ကျကျန်ရစ်တော့မည်မဟုတ်ပေ။
နိဂုံးအားဖြင့်ဆိုရလျှင် မည်သည့်အလုပ်ကိုမဆို လုပ်ကိုင်ရာတွင် အဦးဆုံးအနေနှင့် ဘုရားသခင်ထံယုံကြည်အား
ကိုးရင်း ကိုယ်ကို၌ကလည်း အပတ်တကုတ် ကြိုးကြိုးစားစား လုပ်ကိုင်ရပေသည်။ ဘုရားသခင်က စီစဉ်ပေးလိမ့်မည်ဟုဆို
ကာ ဘုရားသခင်ထံ ဆုတောင်းပုံအပ်လိုက်ရုံနဲ့ ကိုယ်လိုအပ်နေသည့်အရာသည် ရှေ့၌ဘွားကနဲရောက်လာလိမ့်မည်မဟုတ်ပေ။
ဆုတောင်းခြင်းအားဖြင့် ရရှိခံစားလာခဲ့ရသော ခွန်အားသတ္တိကို အသုံးချကာ ကာယအားဖြင့်ဖြစ်စေ၊ ဉာဏအားဖြင့်ဖြစ်စေ၊
ကျိုးကျိုးစားစားလုပ်ကိုင်ရပေသည်။ သို့ဖြစ်ပါ၍ ဖိလိပ္ပိသြဝါဒ ၄း၁၃ တွင် ''ခရစ်တော်ထံမှရရှိသည့်စွမ်းရည်အားဖြင့် ငါသည်
မည်သည့်အခြေအနေမျိုးကိုမဆို ရင်ဆိုင်နိုင်၏။'' ဟူသော ရှင်ပေါလုရေးသားထားသော စာသားအားဖြင့် ခွန်အားယူရပေ
မည်။ ¤င်းနောက် ကောလောသဲသြဝါဒစာ ၃း၂၃ တွင် ''အဘယ်အမှုကို ပြုသည်မဆို သင်တို့သည် လူ၏အလိုကို မဟုတ်ဘဲ
သခင်ဘုရား၏အလိုကို ဆောင်ရွက်သကဲ့သို့ အစွမ်းရှိသမျှဖြင့် လုပ်ဆောင်ကြလော့။'' ဟူ၍ ရှင်ပေါလု၏ ခွန်အားပေးရေးသား
ချက်များကိုလည်း နှလုံးသွင်း မှတ်သားရပေမည်။ လုပ်ဆောင်ရမည့် အလုပ်တစ်ခုအပေါ်၌ လူ၏အလိုကိုလိုက်ခြင်းဟူ၍
ထင်မြင်ယူဆချက်မျိုးကို ဖယ်ရှားကာ ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်ခြင်း၊ ဘုရားသခင်၏ ဘုန်းဂုဏ်တော်ကို 
ချီးမွမ်းခြင်းဖြစ်သည်ဟုဆိုကာ ခရစ်တော်ရှင်၏ နှုတ်တော်ထွက်စကားများကို နှလုံးပိုက်လျက် အားကြိုးမာန်တက် ကြိုးစား
လျှင်ဖြင့် ဘဝသည် အောင်မြင်ခြင်း၊ ပေးဆပ်ခြင်းနှင့်အတူ မြင့်မြတ်ခြင်းပါတိုး၍ ကျွနု်ပ်တို့ပိုင်ဆိုင်ရမည်ဖြစ်သည်။

REFERENCE;  Beloved of Christ, Vol.8, No.6, Octo - Nov, 2011, pg 29-30

မစ္ဆားတရားတော်မြတ်၏အလေးချိန်

  လွန်ခဲ့သောနှစ်ပေါင်းများစွာထဲက တစ်နေ့ လူရှမ်ဘော့လို့ခေါ်တဲ့ သေးငယ်တဲ့မြို့လေးတစ်မြို့မှာ ခပ်အိုအိုမိန်းမတစ် ယောက် သားသတ်ဆိုင်ထဲဝင်လာတော့ သားသတ်သမားဟာ ဗိုလ်ကြီးတစ်ယောက်နဲ့စကားစမြည်ပြောဆိုနေခဲ့ကြတယ်။ သား သတ်သမားက အဲ့မိန်းမကြီးကို ဘာအလိုရှိပါသလဲဆိုပြီးမေးဖို့အတွက် စကားပြောနေရာမှရပ်လိုက်တယ်။ မိန်းမကြီးအနေနဲ့ သူမမှာ ပိုက်ဆံမရှိသော်လည်း သိုးသားအနည်းငယ်လိုချင်ကြောင်းတောင်းဆိုခဲ့တယ်။ ဗိုလ်ကြီးမှာတော့ သားသတ်သမားနဲ့ မိန်းမကြီးတို့ရဲ့ အပြန်အလှန်စကားပြောသံကိုနားထောင်ရင်းအပျင်းဖြေနေတာပေါ့။ ဗိုလ်ကြီးစိတ်ထဲမှာ ''သိုးသားနည်းနည်း လေးပဲတောင်းတာ သားသတ်သမားက ဘယ်လောက်များပေးမှာလဲ'' ဆိုပြီးတော့တွေးနေရင်း အံ့အားသင့်စွာနဲ့ စောင့်ကြည့် နေခဲ့တယ်။ 


''သူ အခု စိပ်ပုတီးစိပ်ရတာကို နှစ်သက်လာမှာပါ...''

ထိုနေ့ကား ကျွန်တော် ဖုန်းခေါ်လက်ခံသောနေ့ ၂ဝဝ၂ခုနှစ်၊ ဇွန်လ (၅)ရက်၊ ဗုဒ္ဒဟူးနေ့ဖြစ်သည်။

''ကိုယ်တော်အန်တိုနီ... မိန်းမကြီးတစ်ယောက် အန်းအာဘောလ်ဆေးရုံမှာ အသည်းအသန်ဖြစ်နေတယ်။ သူ့မိသားစုဝင်တွေက ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးကိုပင့်ပြီး ပရိတ်တော်ဆီလူးပေးဖို့တောင်းဆိုနေကြတယ်... ကိုယ်တော်လာနိုင် မလား''



ဘုရားသခင်က ကျွနု်ပ်တို့၏ဆုတောင်းသံကို ဘယ်လိုနားညောင်းပေးသလဲ

လူသိများသောဆရာဝန်တစ်ယောက်ဖြစ်သည့် ဒေါက်တာစတီဗင်သည် မကြာသေးခင်က သူစမ်းသပ်ခဲ့သော ဆေးပညာ သုတေသနအောင်မြင်မှုကြောင့် ဂုဏ်ထူးဆောင်ဆုတက်ရောက်ယူဖို့ရန်အတွက် မကြာမှီကျင်းပမည့် အရေးကြီးသောဆေးပညာ ညီလာခံကြီးတစ်ခုကို နာမည်ကြီးမြို့တစ်မြို့သို့တက်ရောက်ရန်ဖြစ်ခဲ့သည်။ အဆိုပါညီလာခံကြီးကို တက်ရောက်ရန်အတွက် သူသည် အလွန်စိတ်လှုပ်ရှားခဲ့သည့်သာမက ထိုညီလာခံကျင်းပမည့်နေရာသို့ မြန်မြန်ရောက်ရှိနိုင်ရန်အတွက်လည်း အလွန် ဆန္ဒပြင်းပြခဲ့သည်။ နှစ်လပေါင်းများစွာ ခက်ခက်ခဲခဲဖြင့် သူကိုယ်တိုင်သုတေသနပြုလုပ်ခဲ့ရခြင်း၏ရလာဒ်ဖြစ်သောကြောင့် လက်ခံရရှိမည့်ဂုဏ်ထူးဆောင်ဆုနဲ့လည်း ထိုက်တန်သည်ဟု သူ့ကိုယ်သူအသိအမှတ်ပြုခဲ့သည်။ 




ဇနီးသည်လေးယောက်

    တစ်ခါက ဇနီးလေးယောက်ရှိပြီး တော်တော်ချမ်းသာတဲ့ ကုန်သည်ကြီးတစ်ယောက်ရှိခဲ့တယ်။ ကုန်သည်ကြီးဟာ သူ့မိန်း မတွေထဲမှာမှ စတုထ္ထမြောက်မိန်းမကိုသာ အချစ်ဆုံးဖြစ်တဲ့အတွက်ကြောင့် သူမကိုအကောင်းဆုံးအဝတ်အစားတွေ ဝတ်ဆင်စေပြီး အလတ်ဆတ်ဆုံးနှင့် အရသာအကောင်းဆုံးအစားအစာတွေကို စားစေခဲ့တယ်။ ကုန်သည်ကြီးက သူမကိုအလွန်ဂရုစိုက်ကာ အကောင်းဆုံးဟူသမျှကို ပေးခဲ့တယ်။ တတိယမြောက်မိန်းမလည်းပဲ အလွန်လှတဲ့အတွက်ကြောင့် ကုန်သည်ကြီးဟာ သူမကိုပိုင်ဆိုင် နေရတာကိုပဲ ဂုဏ်ယူပျော်ရွှင်နေသလို တစ်ခါတစ်ခါ သူ့အပေါင်းအသင်းတွေကြားမှာ လှပသောဇနီးကို ပွဲထုတ်လေသတဲ့။ ဒါ ပေမယ့် တတိယမြောက်မိန်းမက အဝေးကိုထွက်ပြေးပြီးတော့ တချို့သောအမျိုးသားများနဲ့ လက်ထပ်မှာကို စိုးရိမ်နေခဲ့တာပေါ့။  ဒုတိယမြောက်ဇနီးသည်ကိုလည်း ကုန်သည်ကြီးက တော်တော်ချစ်ရှာသတဲ့။ ဒုတိယမြောက်မိန်းမကိုချစ်နေရခြင်းက သူမဟာ စဉ်းစားတဲ့နေရာမှာ ချင့်ချိန် စဉ်းစားတတ်ရုံသာမက စိတ်ရှည်လေတော့ ကုန်သည်ကြီးရဲ့ ယုံကြည်အားထားရဆုံးဖြစ်လေသတဲ့။ ဒါတင်မကသေးဘဲ ဖြေရှင်းရမယ့် အခက်အခဲပြဿနာတစ်ခုခုရှိလေတိုင်း သူမဆီမှာ အမြဲတမ်းချဉ်းကပ်ပြီး သူ့ရဲ့ပြဿနာတိုင်းကို ဖြေရှင်းစေသတဲ့။ ပြဿနာ တိုင်းကိုလည်း သူမဟာ ဖြေရှင်းနိုင်ခဲ့တယ်။ ကုန်သည်ကြီးရဲ့ ပထမမိန်းမကတော့ တော်တော် သစ္စာရှိတဲ့လက်တွဲဖော်ဖြစ်တယ်။ သူမဟာ ပေးကမ်းစွန့်ကြဲတဲ့နေရာမှာ ရက်ရက်ရောရောပေးကမ်းတတ်သူဖြစ်သလို ခင်ပွန်းသည် ပိုင်ဆိုင်ထားတဲ့ ဥစ္စာပစ္စည်းတွေကိုလည်း ကောင်းကောင်းထိန်းသိမ်းတတ်ပြီး အိမ်မှုကိစ္စကိုလည်း နိုင်နင်းတဲ့ သူတစ်ယောက် ဖြစ်တယ်။ ဒါပေမယ့် ပထမမိန်းမက သူ့ကိုနက်နက်ရှိုင်းရှိုင်းချစ်နေပေမယ့် ကုန်သည်ကြီးက သူမရဲ့အချစ်ကို သတိတောင်မထား မိခဲ့ပါဘူး။

တစ်နေ့မှာတော့ ကုန်သည်ကြီးဟာ အပြင်းအထန်ဖျားနာပါတော့တယ်။ မကြာခင်သေရတော့မယ်ဆိုတာ ကိုယ့်ကိုယ် ကိုယ်သိထားတဲ့အတွက်ကြောင့် သူကျန်းမာစဉ်တုန်းက ကျကျနန ဇိမ်ခံနေနိုင်သောဘဝကို တစ်ယောက်တည်း ပြန်လည်တွေးတော နေရင်း 



''အခုအချိန်မှာ ငါ့မိန်းမလေးယောက်နဲ့အတူ ရှိနေနိုင်တယ်။ ဒါပေမယ့် ငါသေသွားရင် ငါ

ကက်သလစ်ဘာသာဝင်တိုင်း နေ့စဉ်ပြုလုပ်သင့်သောအချက် (၈)ချက်

၁။ ဆုတောင်းခြင်း၊ နှုတ်ကပတ်တော်ဖတ်ရှုခြင်းနှင့် အမိမယ်တော်ထံသို့ စကားတစ်ခွန်းပြောခြင်း ဖြင့် နေ့တစ်နေ့ကို အစပြုပါ။ 

ကျွနု်ပ်တို့၏နေ့ရက်များသည် ထိုကဲ့သို့သော ကောင်းသောအကျင့်များဖြင့်သာ ဦးတည်၍ဗဟိုထားရန်လိုအပ်ပေသည်။ နေ့တစ်နေ့ကို၎င်းပုံစံဖြင့်အစပြုကြည့်ပါ။ သင်ဆုတောင်းသောအခါ အချိန်တစ်ခုကိုသတိပေးဖို့အတွက် အသံတစ်ခုထားပေးပါ။ ထိုအသံသည် ဘုရားသခင်ကြည်ညိုလေးစားမှုကို ပျက်ပြယ်သွားစေနိုင်လျှင်တော့ မသုံးလျှင်ပို၍ကောင်းလိမ့်မည်။ မနက်ခင်းတိုင်းသည် ဆုတောင်းဖို့အတွက်အကောင်းဆုံးအချိန်ဖြစ်သည်။ သို့သော်သင့်အနေနဲ့ ထိုအချိန်သည်ဆုတောင်းဖို့အတွက် မဖြစ်နိုင်လျှင် သင်ဆုတောင်းဖို့ဖြစ်နိုင်သော အချိန်ကိုရှာပါ။ သမ္မာကျမ်းစာကိုယူ၍နှုတ်တော်ထွက်စကားထဲမှ အပိုဒ်ငယ်တစ်ကြောင်းဖြစ်စေ၊ နှစ်ကြောင်းဖြစ် စေဖတ်ဖြစ်အောင်ဖတ်ပါ။ နေ့စဉ်မစ္ဆားတရားတွင် ဖတ်ရှုရသည့်ကျမ်းပိုဒ်များကိုဖတ်ပါလျှင်မူ ပို၍သင့်တော်ပေသည်။ ကက်သလစ်ဘာသာဝင်တိုင်းနေ့စဉ်ရောက်ရှိရမည့်ပန်းတိုင်သည် နေ့တိုင်းစိပ်ပုတီးစိပ်ရန်ဖြစ်သည်။ စိပ်ပုတီးစိပ်ရန်မဖြစ်နိုင်ပါက အနည်းဆုံး ''ဂုဏ်ကျေးဇူးတော်မေတ္တာ'' တစ်ပုဒ်နှင့် စိပ်ပုတီးတစ်ဆယ်စိပ်ပါ။ 


''ဆုတောင်းသည်ဆိုရာ၌ ဘုရားသခင်နဲ့တစ်လုံးတစ်ဝတည်းပေါင်းစပ်ရန်ကလွှဲ၍ တစ်ခြားဘာမျှမရှိပေ။''

ရဟန္တာ ဂျွန်မေရီဗီယားနီ



နှလုံးသားကိုထိမိသောပုံပြင်တစ်ပုဒ်

ကြီးမားတဲ့ကုန်တိုက်ကြီးတစ်ခုဘေးတစ်ဝိုက်မှာ ဈေးဝယ်ထွက်ဖို့ ကျွန်မလမ်းလျှောက်နေတဲ့အချိန်မှာ ၅နှစ်နှင့်၆နှစ် အကြားဖြစ်မည့်လူကလေးတစ်ယောက်ဟာ ကုန်တိုက်ရဲ့အရောင်းဝန်ထမ်းနဲ့စကားပြောနေကြတာ ကျွန်မမြင်တွေ့ခဲ့ရတယ်။ အရောင်းသမားက

''ဝမ်းနည်းပါတယ်သား...ဒီအရုပ်ကိုဝယ်ဖို့အတွက် သားမှာငွေအလုံအလောက်မရှိဘူး'' 

လို့ပြောနေခဲ့ပါတယ်။ ဒါနဲ့ လူကလေးလည်း ကျွန်မသူ့ဘေးလျှောက်လာတာကိုမြင်ပြီး ကျွန်မဘက်ကိုလှည့်ကာ


''အန်တီ...သားမှာ အရုပ်ဝယ်ဖို့ တကယ်ပဲမလောက်တာဆိုတာ သေချာလား အန်တီ''