Notice

Hello Everyone! My Page is still under construction! Thank You for your visit.

Warmly Welcome from Naung Loy Lu - Kalay's personal blog!
Greeting from Naung Loy Lu (Kalay)!
Hello, friends, life is short and precious. I publish this blog for the intention of to be my footprint after my death. I am very interested in blogging.Thanks to visiting my blog. You can contact me via gmail,i.e., naungloylu@gmail.com
Showing posts with label Poems. Show all posts
Showing posts with label Poems. Show all posts

ချင်းတောင်တန်းဆီသို့ ၂၇ ၃ ၂2017 မြို့မတီးတိန်မှတ်တမ်း

These photos were taken from my way to Chin Hill to be posted at Assumption of  Our Lady's Catholic Church, Myoma, Tedim
27/3/2017
I hope the faithful are in good health and in strong faith.
ကြမ်းတမ်းလှတဲ့ချင်းတောင်လမ်းတွေက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ကျွန်တော့ကို
လန့်နိုးစေခဲ့ပါတော့တယ်။  ။

ကိုးကွယ်ရခြင်း

တချို့တချို့က လေကို ကိုးကွယ်

တချို့တချို့က နေကို ကိုးကွယ်

တချို့တချို့က ရေကို ကိုးကွယ်

တချို့တချို့က မြေကို ကိုးကွယ်

တချို့တချို့က လူကို ကိုးကွယ်

တချို့တချို့က နတ်ကို ကိုးကွယ်

တချို့တချို့က တိရစ္ဆာန်ကို ကိုးကွယ်

တချို့တချို့က ပိုက်ဆံကို ကိုးကွယ်

တချို့တချို့က ဂုဏ်ကို ကိုးကွယ်

ကျွနု်ပ်တို့က ဘုရားသခင်ကို ကိုးကွယ်

ကျွနု်ပ်တို့က အသက်ရှင်သောဘုရားကို ကိုးကွယ်

အဖိုး၊ အဖွားများ၏ ယုံကြည်ရာနဲ့တင်မဟုတ်

အဖေ၊ အမေ၏ ယုံကြည်ရာကြောင့်တင်မဟုတ်

ဆွေမျိုး၊ အသိုင်းအဝိုင်းများ၏ ယုံကြည်ခြင်းကြောင့်ပင်မဟုတ်

လူမျိုးများ၏ ယုံကြည်ရာနဲ့တင်မဟုတ်

သူ/သူမ၏ ယုံကြည်ရာကြောင့်တင်မဟုတ်

ကျွနု်ပ်တို့နှလုံးသားများ၏ လှုတ်ခတ်နှိုးဆော်မှုကြောင့်

ကျွနု်ပ်တို့၏ ယုံကြည်ခြင်းအရင်းအမြစ်ရှင်သန်မှုကြောင့်

ကျွနု်ပ်တို့၏ ကိုယ်တော်မြတ်စက္ကရ်မင်တူးအပေါ် ယုံကြည်မှုကြောင့်

ခရစ်တော်ဘုရားရှင်၏ ပညတ်တော်ကို ချစ်မြတ်နိုးမှုကြောင့်

ခရစ်ယာန်တရား ''ချစ်ခြင်းမေတ္တာ'' ကို တန်ဖိုးထားမှုကြောင့်

ခရစ်တော်ရှင်၏ သေခြင်းမှရှင်ပြန်ထမြောက်မှုကြောင့်

စသည် ... စသည်တို့ကြောင့် သေနေသောဘုရားကို ကိုးကွယ်တာမဟုတ်

အသက်ရှင်သောဘုရားကို ကိုးကွယ်ခြင်းသာ

ထာဝရအသက်ရှင်သောဘုရားကို ကိုးကွယ်ခြင်းသာ။






"ကောင်းကြီးများနှင့် ထိုမနက်ခင်း"


🏵️ နေထွက်တဲ့ ရွှေမနက်ခင်းမှာ
      ပန်းနေကြာ ရောင်သွေးဖြာလို့
      တီတာတာ ကျေးငှက်ဆိုတေးသံ
       ကြည်လင်တဲ့ စမ်းချောင်းရေလေး
       တသွင်သွင် စီဆင်းနေဆဲ။        ။ 

🏵️ တသဲ့သဲ့ အုန်းမောင်းခတ်သံလေး
      ဝန်းကျင်နီး ပျားပိတုန်းပျံဝဲလို့
      ရောင်သွေးစုံ လိပ်ပြာတောင်ပံခတ်သံက
      ကျက်သရေပြည့် သည်ရွှေမနက်ခင်းကို
      အလှတွေပွါး တိုးများစေကြတော့တယ်။       ။ 


Photo: Sts. Peter and Paul's Catholic Church, Kalay Diocese, Myanmar.

🏵️ ကြည်ပြာရောင် ကောင်းကင်အောက်မှာ
      ရိုးရှင်းတဲ့ အဝတ်သာဆင်မြန်းလို့
      မဟာမြေ တူးဖို့ရန်ပြင်
      သီးနှံစုံ စိုက်ဖို့ရန်ရွယ် လူတစ်ချို့
      ပေါက်တူးကိုင် ချီတက်တော့တယ်။       ။ 

🏵️ တအွတ်အွတ်နဲ့ ခေါင်မိုးထက်က
      မီးခိုးရောင် "ခို"မိသားစုတွေဖြင့်
      ဟိုသည်ပျံ ဝဲပျံရှုတ်ရှက်
      ကောက်ရိုးတချီ မြက်ခြှောက်တချီနှင့်
      နွေးထွေးတဲ့ အသိုက်လေးဆောက်တည်ကြတယ်။       ။ 

🏵️ လုံမပျိုတသိုက် လူပျိုတသိုက်
      သန့်သန့်ရှင်း အဝတ်ဆင်မြန်းကာ
      ဦးတည်ရာ ဘုရားကျောင်းဆီသို့
      ညီညာညာ ခြေလှမ်းတွေနဲ့
      အားမာန်အပြည့် ချီတက်ကြတယ်။        ။ 

🏵️ အိမ်အပြန် လမ်းခရီးမှာ
      ပင့်ယူခဲ့ "ကိုယ်တော်မြတ်"က
       နှလုံးသားထဲ အသွေးအသားထဲစီးလို့
       စိတ်ငြိမ်းချမ်း နှလုံးအေးချမ်းကာ
       စိတ်ဝိညာဉ် အသစ်တဖန် နိုးကြားလာပါတော့တယ်။        ။

✍️နောင်လိွုင်းလူ (ကလေး)✍️

နေ့သစ်

 နေ့ ကုန်ဆုံးပြီ

ည ရောက်လာပြီ
ဒီနေ့ဆိုတာ ကုန်သွားပြီ။
ပြီးခဲ့တာတွေ ပြီးကုန်ပြီ။
ဖြစ်မယ့်အရာတွေ ဖြစ်ပြီးပြီ။
ညမှာ မက်ခဲ့တဲ့
ကိုယ့် အိပ်မက်ကို ယုံကြည်ပွေ့ဖက်ပါ။
မနက်ဖြန်တစ်နေ့လုံး
နေ့သစ် အလင်းသစ် စိတ်သစ်နဲ့
ဆီးကြိုလာပါလိမ့်မည်။နေ့ ကုန်ဆုံးပြီ
ည ရောက်လာပြီ
ဒီနေ့ဆိုတာ ကုန်သွားပြီ။

သူ့စကား ၁၂

သင့်ရဲ့အသံကို
အကြင်နာတရားအတွက် အသုံးပြုပါ။

သင့်ရဲ့နားများကို
ဂရုဏာအတွက်အသုံးပြုပါ။

သင့်ရဲ့လက်များကို
ပေးကမ်းစွန့်ကြဲရန်အတွက် အသုံးပြုပါ။

သင့်ရဲ့စိတ်ကို
အမှန်တရားအတွက် အသုံးပြုပါ။

သင့်ရဲ့နှလုံးသားကို
ချစ်ခြင်းမေတ္တာအတွက် အသုံးပြုပါ။

#နောင်လွိုင်းလူ (ကလေး)



The Holy Crucifix

 

The Holy Crucifix

HE suffered on the Cross because HE Loves me.

HE got pain because HE Cares on me.

He much suffered till HIS death.

Because of HIS love onto me,

HE died on the Cross,

with humility, love sacrifice and hard work,

HE sacrificed all things.

 


  

ငွေရောင်လမင်း

ငွေရောင်လမင်းလေး

သန်းခေါင်ယံညအိပ်ယာဝင်ချိန်

အထက်ကောင်းကင် ဟိုအဝေးကြီးမှာ

ပေါ်ထွက်လာတဲ့ ငွေရောင်လမင်းလေး

အမှောင်ကမ္ဘာကို 

ငြိမ်းချမ်းတဲ့အလင်းရောင်လေးပေးဝေဖို့

ပေါ်ထွက်လာပြီ

ဆိတ်ငြိမ်အေးချမ်းတဲ့ ညကမ္ဘာလေးကို

သူလေပေးခဲ့အကြင်နာတရား

မှိတ်တုတ်မှိတ်တုတ် ကြယ်မှုန်ငယ်များ

ဟိုနားတစ်ပြိုက် ဒီနားတစ်စု

မှိတ်တုတ်မှိတ်တုတ် လင်းလက်လင်းလက်

ညချမ်းရဲ့အလှ အိုရှုမဝ

ညချမ်းဆည်းဆာ အေးချမ်းငြိမ်သက်

လကမ္ဘာပေါ်အို မြင်တွေ့ခဲ့ရ

ရွှေအဖိုးအို ဆန်ဖွပ်တဲ့ယုန်

ညောင်ပင်ပဒေသာပင်ကြီးအောက်

တထောင်းထောင်းနဲ့ အဖိုးကြီးခမျာ

ဆန်ထောင်းရရှာ

ငွေရောင်လမင်းရဲ့နွေးထွေးတဲ့

ကြင်နာယုယမှုနဲ့အတူ

အိပ်စက်ခြင်းရဲ့ ညကမ္ဘာလေးထဲ

ရောက်ခဲ့လေပြီ….။

နောင်လွိုင်းလူ (ကလေး)

သူ့စကား ၈

''မွေးဖွားခွင့်မရကြတဲ့သူတွေအတွက်၊
ဆာလောင်ပြီးငိုနေတဲ့သူတွေအတွက်၊
ကစားစရာအရုပ်အစား လက်နက်ကိုသာကိုင်နိုင်သော
ကလေးငယ်များအတွက်
ဒီနေ့မှာ ကျွန်ုပ်တို့ကဆုတောင်းပေးကြရမှာဖြစ်ပါတယ်။''

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်

၂၈ .၁၂. ၂၀၁၇

#နောင်လွိုင်းလူ (ကလေး)

သူ့စကား ၆

''ငယ်ရွယ်ချိန်မှာ အိုမင်းသူကို လေးစားပါ။
သန်မာချိန်မှာ အားနည်းသူကို ကူညီပါ။
အမှားလုပ်မိချိန်မှာ သင့်ရဲအမှားကိုဝန်ခံပါ။
ဘာဖြစ်လို့လဲဆိုတော့
      တစ်နေ့မှာ     သင် . . .
                             

တခဏနှင့် ထာဝရ

 တခဏနှင့် ထာဝရ

ငွေဆိုတာ    တခဏ

အိမ်ဆိုတာ   တခဏ

ကားဆိုတာ တခဏ

လုပ်ငန်းဆိုတာ တခဏ

ရုပ်ရည်ဆိုတာ တခဏ

အသက်ဆိုတာ တခဏ

စည်းစိမ်ဆိုတာ တခဏ



. . .. . . . . .

သူပေါ့

 သူပေါ့

ဘယ်သောအခါမျှ     

သခင့်ထံတော်မှ

ဝေးဝေးရှောင်ခွါ     

ထွက်ပြေးမည်မဟုတ်

ဘယ်သောအခါမျှ 

ထံတော်အပါးမှ

ခြေတစ်လှမ်းတောင် 

လှမ်းမည်မဟုတ်


ဆီမီး

အခြေပြုကျမ်း 

ရှင်မာကုဧဝံဂေလိကျမ်း ၄း၂၁-၂၃

ရှင်လုကာဧဝံဂေလိကျမ်း ၈း၁၆-၁၈



ဆီမီးထွန်း၍ တောင်းဇလားအောက်

ဂရုစိုက်ဆင်ခြင်စရာများ

သင့်ရဲ့ အတွေးများကို

ဂရုစိုက်ဆင်ခြင်ပါ။

သင့်ရဲ့စကားလုံးများ

ဖြစ်လာပါတော့သည်။


သူ့သဘော

(အခြေပြုကျမ်း - ရောမသြဝါဒစာ ၁း၁၈-၂ဝ)


လှသောပန်းချီကားကို ခံစားခြင်းအားဖြင့်

တော်သောပန်းချီဆရာဟု ပြောဆိုနိုင်၏။

လှသောပန်းကို မြင်ရခြင်းဖြင့်

ကောင်းသောပန်းပွင့်ဟု သတ်မှတ်နိုင်၏။