ဘဝဟူသည် အလွန်တိုတောင်းလှသော အချိန်ကာလတစ်ခုပင်ဖြစ်ပါသည်။ ထိုတိုတောင်းလှသော အချိန်အတွင်း
လူသားများဖြစ်ကြသော ကျွနု်ပ်တို့သည် အသက်ရှင်နေထိုင်ကြရင်း သေခြင်းတည်းဟူသော ဘဝ၏နိဂုံးသို့ တဖြည်းဖြည်းနှင့်
မသိမသာ ဦးတည်နေရပေသည်။ လူ့ဘဝသည် အလွန်ပင်ရခဲလှသည်ဖြစ်ပေရာ အသက်ရှင်နေထိုင်စဉ်အတွင်း အကျိုးရှိ
ရှိနေထိုင်ရမည်မှာလူသားများ၏တာဝန်တစ်ရပ်ဖြစ်ပေသည်။ ဘဝဟူသည်တိုတောင်းလှသည်ဆိုရသော်လည်း ¤င်းတိုတောင်း
လှသည့်အချိန်အတွင်းမှာပင် ရင်ဆိုင်ရမည့် အခက်အခဲနှင့် ဒုက္ခများသည် များပြားလှပေသည်။ သို့ရာတွင် ''အခက်အခဲရှိ
လျှင် ရင်ဆိုင်နိုင်ရမည်။'' ဟူသော ပညာရှိစကားသည် လူသားများ၏နှလုံးသားထဲတွင် ကိန်းဝပ်နိုင်ပါလျင်မူ အောင်မြင်
ခြင်းတည်းဟူသော ချိုမြိန်သည့်အရသာကို ခံစားနိုင်ရပါလိမ့်မည်။ သို့မဟုတ်လျှင် ခါးသက်သက်တည်းဟူသော ကျဆုံးခြင်း
ဖြင့်သာ ပက်ပင်းတိုးရပေတော့မည်။ ''လူဟူသည် ဘဝခရီးသည်တစ်ယောက်ပင်ဖြစ်သည်။'' ဟူသော စာရေးဆရာတစ်
ယောက်၏အသုံးအနှုန်းကို သတိရမိသေး၏။ အောင်မြင်မှုကို ပိုင်ဆိုင်နိုင်ရန် သိထားသင့်သည့်အချက်တစ်ချို့ကိုတင်ပြလို၏။
(၁) ဆုတောင်းသည်ဟုဆိုရာဝယ် သင်ဒုက္ခရောက်နေသည့်အချိန်၌ ဥပမာအားဖြင့် သင်ခရီးတစ်ခုမောင်းနှင်နေစဉ် ကားဘီးပေါက်၍ လဲလှယ်ဖို့ရန် အသင့်ပါလာသော သင်၏ဘီးပိုတစ်ခုကဲ့သို့မဟုတ်ချေ။ ဆုတောင်းခြင်းသည် သင့်ကိုစစ်မှန်သော လမ်းသို့ တိုက်ရိုက် ဦးတည်ရာတွင် ထိန်းချုပ်ပဲ့ကိုင်ပေးမည့် အရာတစ်ခုဖြစ်ပေသည်။
(၂) ကားတစ်စီး၏ အရှေ့၌ရှိသော လေကာမှန်သည် သေးငယ်သော နောက်ကြည့်မှန်ထက် အဆမတန်ပို၍ကြီးမား
နေရခြင်းသည်ကပင် ကျွနု်ပ်တို့၏အတိတ်ကာလတွေသည် ကျွနု်ပ်တို့၏ အနာဂတ်ကာလထက်ပို၍ အရေးမကြီး
ကြောင်း ဖော်ပြနေပေသည်။ သို့ဖြစ်၍ ကျွနု်ပ်တို့သည် ပန်းတိုင်ကိုသာ အာရုံစိုက်ပြီး ရှေ့ခရီးကို ဆက်လျှောက်ရမည်။
(၃) ခင်မင်ရင်းနှီးမူဟူသည် စာအုပ်တစ်အုပ်ကဲ့သို့ပင်။ အကြောင်းမှာ စာအုပ်တစ်အုပ်သည် လောင်ကျွမ်းပျက်စီးဖို့ရန်
အတွက် စက္ကန့်အနည်းငယ်သာ အချိန်ပေးရသော်လည်း ¤င်းစာအုပ်ထဲတွင် စာရေးသားရန်အတွက်ကိုမူ နှစ်လများ
စွာ အချိန်ယူရသည်။ ခင်မင်မှု ပျက်သုန်းဖို့ရန်အတွက်ကိုမူ စက္ကန့်အနည်းငယ်သာ အချိန်ပေးလိုက်ရသည်။
(၄) ဘဝဟူသည် အချိန်တခဏတာဖြစ်ပေသည်။ အရာအားလုံးသည်လည်း တခဏတာပင်။ ထို့ကြောင့်ရှင်သန်စဉ်အချိန်
တခဏတွင် အဆင်ပြေနေလျှင် ပျော်ရွှင်နေလိုက်ပါ။ အဘယ်ကြောင့်ဆိုသော် ပျော်ရွှင်မူသည် အချိန်ကြာကြာ ခံ
မည်မဟုတ်သောကြောင့်တည်း။ အဆင်မပြေလျှင်တော့ဖြင့် စိတ်ပူစရာမလိုပေ။ ထိုအဖြစ်အခြေအနေသည်လည်း
အချိန်ကြာကြာ ခံနိုင်လိမ့်မည်မဟုတ်ပေရာ။
(၅) သူငယ်ချင်းဟောင်းများသည် ရွှေကဲ့သို့ပင် အဖိုးတန်လှပေသည်။ သူငယ်ချင်းအသစ်များသည်လည်း စိန်ကဲ့သို့ပင်
အဖိုးတန်လှပေသည်။ အကယ်၍ သင်သည် စိန်ကိုရလျှင် ရွှေကို မမေ့အပ်ပေ။ အကြောင်းမှာစိန်ကိုကြာကြာ
ထိတွေ့ကိုင်တွယ်နိုင်ဖို့အတွက် သင်သည် ရွှေဖြင့်ရင်းနှီးနေရန်လိုအပ်သောကြောင့်ပင်။
(၆) တစ်ခါတရံ သင်သည် မျှော်လင့်ချက်ပျက်သုန်း၍ ''ဒါဟာငါ့ရဲ့နိဂုံးလား'' ဟူ၍ တွေးထင်ယူဆနေသောအခါ ကောင်း
ကင်၌ရှိသော သင်၏ ဘုရားသခင်သည် ''ချစ်သား/သမီး အနားယူပါ။ စိတ်အေးအေးထားပါ။ ဒါဟာ ခရီးစဉ်တစ်
ခုရဲ့ အကွေ့အကောက်လေးတစ်ခုသာဖြစ်တယ်။ နိဂုံးမဟုတ်ပါ။'' ဟုဆိုကာ သင့်ကို ပြုံးပြမည်ကို သတိရသင့်ပေသည်။
(၇) ဘုရားသခင်သည် သင်ရင်ဆိုင်ကြုံတွေ့နေရသော ဒုက္ခ၊ ပြသနာများကို ဖြေရှင်းပေးသောအခါ သင်သည် ဘုရားသခင် ၏ ဘုန်းဂုဏ်တော်မြတ်ကို ယုံကြည်ထားလို့ပင်ဖြစ်ပေသည်။ အကယ်၍ဘုရားသခင်သည် သင်ရင်ဆိုင်ကြုံတွေ့ ခံစားနေရသော ဒုက္ခ၊ အခက်အခဲ၊ ပြသနာများကို မဖြေရှင်းပေးလျှင်မူ ဘုရားသခင်သည် သင်၏ကိုယ်ပိုင်အရည် အချင်းအပေါ် ယုံကြည်အားထားလို့ပင်ဖြစ်ပေသည်။