Notice

Hello Everyone! My Page is still under construction! Thank You for your visit.

Warmly Welcome from Naung Loy Lu - Kalay's personal blog!
Greeting from Naung Loy Lu (Kalay)!
Hello, friends, life is short and precious. I publish this blog for the intention of to be my footprint after my death. I am very interested in blogging.Thanks to visiting my blog. You can contact me via gmail,i.e., naungloylu@gmail.com

သူပေါ့

 သူပေါ့

ဘယ်သောအခါမျှ     

သခင့်ထံတော်မှ

ဝေးဝေးရှောင်ခွါ     

ထွက်ပြေးမည်မဟုတ်

ဘယ်သောအခါမျှ 

ထံတော်အပါးမှ

ခြေတစ်လှမ်းတောင် 

လှမ်းမည်မဟုတ်


ဘုရားရဲ့သားတော် 

ခရစ်တော်ဖြစ်မှန်း

ဘယ်သောအခါမျှ 

ငြင်းပယ်မည်မဟုတ်

သခင်နဲ့အတူ 

အသက်စွန့်ရပါလျှင်မူ

မနှောင့်မနှေး 

အသင့်ပါဟု

သံပေတရူး 

ေြ<ွကးကြော်ခဲ့လည်း

ခရစ်တော်သခင် 

အဖမ်းခံရတော့

ပြေးမိပြေးရာ 

ပြေးခဲ့သူပေါ့

နာဇရက်သား 

ယေဇူးတပည့်ဟု

အမေးစကား 

ပတ်ကာရှောင်ဖယ်

သုံးကြိမ်တိုင်တိုင် 

ငြင်းခဲ့သူပေါ့

ကြက်ဖသံကြား 

နှလုံးသားပေါက်ကွဲ

ငိုကြီးချက်မ 

နှောင်းမျက်ရည်စီး

ခရစ်တော်ရှင်ကို 

ငြင်းခဲ့သူပေါ့

ဆိုရသော်လည်း

အပြစ်အတွက် အသနားခံ

ခွင့်လွှတ်ခြင်းရ

ကောင်းကင်တံခါး 'သော့'

ပိုင်ဆိုင်ခွင့်ရသူပေါ့။


နောင်လွိုင်းလူ (ကလေး)