အခြေပြုကျမ်း
ရှင်မာကုဧဝံဂေလိကျမ်း ၄း၂၁-၂၃
ရှင်လုကာဧဝံဂေလိကျမ်း ၈း၁၆-၁၈
ဆီမီးထွန်း၍ တောင်းဇလားအောက်
ချထားလေ့မရှိ။
ဆီမီးထွန်း၍ ကုတင်အောက်
ချထားလေ့မရှိ။
ဆီမီးဟူသည် မီးတင်ခုံထက်
တင်လေ့ရှိကြ၏။
ဝှက်ကွယ်ထားသမျှ အဆိုးအကောင်းသည်
တစ်နေ့ ထုတ်ဖော်ပြမည်။
လျှို့ဝှက်ထားသမျှ အဆိုးအကောင်းသည်
အလင်း၌ ထင်ရှားမည်။
ကြားနာခြင်းငှါ နားရှိသူ ကြားသိရစေသား။
နောင်လွိုင်းလူ (ကလေး)