လွန်ခဲ့သောနှစ်ပေါင်းများစွာထဲက တစ်နေ့ လူရှမ်ဘော့လို့ခေါ်တဲ့ သေးငယ်တဲ့မြို့လေးတစ်မြို့မှာ ခပ်အိုအိုမိန်းမတစ် ယောက် သားသတ်ဆိုင်ထဲဝင်လာတော့ သားသတ်သမားဟာ ဗိုလ်ကြီးတစ်ယောက်နဲ့စကားစမြည်ပြောဆိုနေခဲ့ကြတယ်။ သား သတ်သမားက အဲ့မိန်းမကြီးကို ဘာအလိုရှိပါသလဲဆိုပြီးမေးဖို့အတွက် စကားပြောနေရာမှရပ်လိုက်တယ်။ မိန်းမကြီးအနေနဲ့ သူမမှာ ပိုက်ဆံမရှိသော်လည်း သိုးသားအနည်းငယ်လိုချင်ကြောင်းတောင်းဆိုခဲ့တယ်။ ဗိုလ်ကြီးမှာတော့ သားသတ်သမားနဲ့ မိန်းမကြီးတို့ရဲ့ အပြန်အလှန်စကားပြောသံကိုနားထောင်ရင်းအပျင်းဖြေနေတာပေါ့။ ဗိုလ်ကြီးစိတ်ထဲမှာ ''သိုးသားနည်းနည်း လေးပဲတောင်းတာ သားသတ်သမားက ဘယ်လောက်များပေးမှာလဲ'' ဆိုပြီးတော့တွေးနေရင်း အံ့အားသင့်စွာနဲ့ စောင့်ကြည့် နေခဲ့တယ်။
''ကျွန်မမှာ ပိုက်ဆံတစ်ပြားမှတော့မရှိဘူး။ ကျွန်မတောင်းပန်ပါတယ်။ ဒါပေမယ့် ရှင့်အတွက်ကျွန်မ မစ္ဆားတရားနာ ပေးပါ့မယ်'' ဆိုပြီး မိန်းမကြီးက သားသတ်သမားကိုပြောဆိုခဲ့တယ်။
''ကောင်းပြီလေ...ခင်ဗျားဘုရားကျောင်းသွားပြီးတော့ ကျွန်တော့်အတွက်မစ္ဆားတရားနာပေးပါ...ခင်ဗျားပြန်လာ တဲ့အခါကျရင် အဲ့ဒီမစ္ဆားတရားရဲ့အလေးချိန်နဲ့အညီ ကျွန်တော်သိုးသားကိုပေးပါ့မယ်'' ဆိုပြီးသားသတ်သမားကပြန်ပြောခဲ့တယ်။ မိန်းမကြီးဟာအသားဆိုင်မှထွက်ခွါပြီး အတော်အတန်ကြာမှအသားဆိုင်ကိုပြန်လာခဲ့တယ်။ သူမ ကောင်တာဘေးနားရောက် တော့ သားသတ်သမားက ''ကောင်းပြီလေ ကြည့်ကြသေးတာပေါ့''ဟုဆိုပြီး စာရွက်ဖြူအပိုင်းအစလေးတစ်ခုယူခဲ့တယ်။ အဲ့စာ ရွက်အပိုင်းအစလေးပေါ်မှာ ''ရှင့်အတွက်ကျွန်မ မစ္ဆားတရားနာပေးခဲ့တယ်။''ဆိုပြီး သားသတ်သမားကရေးခဲ့တယ်။ အဲ့ဒါနဲ့ သားသတ်သမားဟာ အဆိုပါစာရွက်လေးကိုယူပြီး ချိန်ခွင်ပေါ်မှာတင်လိုက်တာပေါ့။ ချိန်ခွင်ရဲ့အခြားတစ်ဖက်ခြမ်းမှာ အင်မတန် ်သေးငယ်တဲ့သိုးရိုးကိုတင်ထားပေမယ့် ချိန်ခွင်ကဘာမှဖြစ်မလာ။ ဒါနဲ့ သူက သိုးရိုးအပိုင်းအစလေးအစား သိုးသားအနည်းငယ် ကိုထည့်လိုက်ပေမယ့်လည်း စာရွက်အပိုင်းအစလေးကလေးနေတုန်းပဲ။ ယောင်္ကျားကြီးနှစ်ယောက်ဖြစ်တဲ့ သားသတ်သမားနှင့် ဗိုလ်ကြီးတို့ဟာ သူမကိုရယ်စရာဖြစ်လာအောင် စခဲ့မိတာကိုတဖြည်းဖြည်းနဲ့ရှက်လာခဲ့ကြပေမယ့် သူတို့ရဲ့ကစားနည်းကို ဆက် ကစားခဲ့ကြတယ်။ အလေးချိန်တော်တော်ကြီးမားတဲ့သိုးသားကို ချိန်ခွင်ပေါ်တင်လိုက်ပေမယ့် စာရွက်လေးက မလျှော့။ ဒါနဲ့ သားသတ်သမားက ချိန်ခွင်ပျက်များပျက်ပြီးလားလို့ ချိန်ခွင်ကိုသေချာစစ်ကြည့်တော့လည်း ချိန်ခွင်ကတော့ကောင်းနေဆဲ။ ချိန်ခွင်မှာချို့ယွင်းချက်တစ်ခုမှမရှိတာတွေ့ခဲ့ရတယ်။
''အဒေါ် ဘာလိုချင်တာလဲ...ကျွန်တော်သိုးရဲ့ပေါင်တစ်ခြမ်းကိုပေးရတော့မလား...''ဆိုပြီး သားသတ်သမားဟာ မေးရင်းနဲ့ သိုးပေါင်တစ်ခြမ်းကိုတင်လိုက်တယ်။ စက္ကူလေးကတာ့ သိုးပေါင်တစ်ခြမ်းနဲ့အလေးချိန်ညီမျှနေပြန်ရော။ ပိုကြီးမား တဲ့သိုးသားကိုနောက်ထပ်တင်လိုက်ပေမယ့်လည်း အလေးချိန်ကမလျှော့။ ဒီလိုနဲ့သားသတ်သမားက အံ့သြအထင်ကြီးပြီးတော့ စိတ်ထားပြောင်းလဲသွားတယ်။ သူမကိုလည်း သူမနေ့တိုင်းစားနိုင်ရန်အတွက် သိုးသားရိက္ခာကိုနေ့တိုင်းလာပေးမယ်လို့ ကတိ ပြုလိုက်ပါတော့တယ်။ ဗိုလ်ကြီးအနေနှင့် ဆိုင်မှထွက်ခွာချိန်မှစ၍ သူ့ရဲ့ဘဝကိုပြောင်းလဲကာ နေ့စဉ်မစ္ဆားတရားတက်ရန် အလွန် စိတ်အားထက်သန်လာခဲ့တယ်။ အဲ့ဒီအဖြစ်အပျက်ဖြစ်ပြီးနောက်ပိုင်းမှာ ဗိုလ်ကြီးဟာ နေ့စဉ်မစ္ဆားတရားနာယူပြီး သူ့ရဲ့ သားသမီး တွေကိုလည်း သူ့လိုပဲ မစ္ဆားတရားကောင်းကောင်းနာတတ်အောင်၊ မစ္ဆားတက်ရခြင်းကိုချစ်မြတ်နိုးတတ်အောင် သင်ကြားပေးခဲ့ တယ်။ သူ့ရဲ့သားတွေထဲကနှစ်ယောက်ဟာ ကက်သလစ်ဘုန်းတော်ကြီးတွေဖြစ်လာခဲ့ကြတယ်။ ဘုန်းတော်ကြီးနှစ်ပါး ဖြစ်တဲ့သူ့ရဲ့ သားနှစ်ယောက်ကိုလည်း နေ့တိုင်းမစ္ဆားတရားကိုကောင်းမွန်စွာစိတ်ပါဝင်စားစွာပြုလုပ်ရန်အကြံပေးခဲ့တယ်။
''မွန်မြတ်သောမစ္ဆားတရားကိုတစ်ရက်နာရခြင်းသည် နတ်ဆိုးကိုအဝေးသို့လွှင့်ထွက်သွားစေနိုင်သည်။''
''ဘုန်းတော်ကြီးတစ်ပါးမစ္ဆားတရားဟောသောအခါတွင် ကောင်းကင်သိကြားတမန်များသည် အဆိုပါဘုန်းတော်ကြီး ဘေး၌ဝန်းရံကာ၊ အကူအညီပေးနေကြသည်။'' ရဟန္တာ သြဂုတ်စတင်း
''မစ္ဆားတရားပူဇော်ခြင်းသည် ကရူးစူးတိုင်တွင်သခင်ယေဇူး၏အသက်တော်အသေခံခြင်းကဲ့သို့ တန်ဖိုးကြီးမားလှသည်။''
ရဟန္တာ သောမတ်စ်အကွီးနပ်စ်
အင်တာနက်စာမျက်နှာတစ်ခုတွင် ရေးသားထားသော ဖြစ်ရပ်မှန်အဖြစ်အပျက် "The Weight of the Holy Mass" ခေါင်းစဉ်ကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။
မစ္ဆားတရားတော်မြတ်၏အလေးချိန်၊ မျိုးကြဲသူကက်သလစ်လစဉ်ဝိညာဉ်ရေးစာစောင်၊ ၂ဝ၁၈ခုနှစ်၊ ဇန်နဝါရီလ၊ စာမျက်နှာ ၅၄ - ၅၅