Notice

Hello Everyone! My Page is still under construction! Thank You for your visit.

Warmly Welcome from Naung Loy Lu - Kalay's personal blog!
Greeting from Naung Loy Lu (Kalay)!
Hello, friends, life is short and precious. I publish this blog for the intention of to be my footprint after my death. I am very interested in blogging.Thanks to visiting my blog. You can contact me via gmail,i.e., naungloylu@gmail.com

ဘုရားသခင်က ကျွနု်ပ်တို့၏ဆုတောင်းသံကို ဘယ်လိုနားညောင်းပေးသလဲ

လူသိများသောဆရာဝန်တစ်ယောက်ဖြစ်သည့် ဒေါက်တာစတီဗင်သည် မကြာသေးခင်က သူစမ်းသပ်ခဲ့သော ဆေးပညာ သုတေသနအောင်မြင်မှုကြောင့် ဂုဏ်ထူးဆောင်ဆုတက်ရောက်ယူဖို့ရန်အတွက် မကြာမှီကျင်းပမည့် အရေးကြီးသောဆေးပညာ ညီလာခံကြီးတစ်ခုကို နာမည်ကြီးမြို့တစ်မြို့သို့တက်ရောက်ရန်ဖြစ်ခဲ့သည်။ အဆိုပါညီလာခံကြီးကို တက်ရောက်ရန်အတွက် သူသည် အလွန်စိတ်လှုပ်ရှားခဲ့သည့်သာမက ထိုညီလာခံကျင်းပမည့်နေရာသို့ မြန်မြန်ရောက်ရှိနိုင်ရန်အတွက်လည်း အလွန် ဆန္ဒပြင်းပြခဲ့သည်။ နှစ်လပေါင်းများစွာ ခက်ခက်ခဲခဲဖြင့် သူကိုယ်တိုင်သုတေသနပြုလုပ်ခဲ့ရခြင်း၏ရလာဒ်ဖြစ်သောကြောင့် လက်ခံရရှိမည့်ဂုဏ်ထူးဆောင်ဆုနဲ့လည်း ထိုက်တန်သည်ဟု သူ့ကိုယ်သူအသိအမှတ်ပြုခဲ့သည်။ 




သည်လိုနဲ့ ရက်များနီးကပ်လာကာ ထိုညီလာခံကျင်းပမည့်မြို့သို့တက်ရောက်ရန် လေယာဉ်စီးဖို့အကြောင်း ဖန်လာခဲ့သည်။ သို့ပေမယ့်လည်း လေယာဉ်ထွက်ခွါပျံသန်းပြီးနောက် နှစ်နာရီအကြာတွင်လေယာဉ်မှူးထံမှ ကြီးမားသည့်ပြဿနာ တစ်ခုရှိကြောင်းနှင့် အနီးစပ်ဆုံးမြို့ရှိလေယာဉ်ကွင်းသို့ အရေးပေါ်ဆင်းသက်ရမည်ဖြစ်ကြောင်းကြေညာခဲ့လေသည်။ ညီလာခံတက်ရောက်ဖို့ရန် အချိန်မမှီမည်ကို စိုးရိမ်သောကြောင့် လေယာဉ်ပျံပေါ်မှဆင်းသည်နှင့်တစ်ပြိုင်နက် ခရီးသည်များ အားအကူအညီပေးရာဌာနသို့သွားရောက်ကာ ထိုင်ခုံပေါ်တွင်ထိုင်နေသည့်အမျိုးသမီးထံသို့ချဉ်းကပ်ကာ သူသည်အလွန် အရေးကြီးသော ဆေးပညာဆိုင်ရာညီလာခံကြီးတစ်ခုသို့ တက်ရောက်ရမည်ဖြစ်ကြောင်းနှင့် သူ၏ခရီးစဉ်အတွက် နောက် ထွက်ခွါမည့် အနီးဆုံးလေယာဉ်ကိုမေးကြည့်ရာ ထိုအမျိုးသမီးက နောက်ထပ်ဆယ်နာရီအကြာအထိ သူသွားချင်သည့်နေရာ သို့ပျံသန်းမည့်လေယာဉ်ခရီးစဉ်မရှိကြောင်းနဲ့ သူမအနေနဲ့အကူအညီပေးနိုင်မည်မဟုတ်ကြောင်း ဝမ်းနည်းစွာပြန်ဖြေခဲ့သည်။ သို့ရာတွင် သူသွားချင်သောနေရာသည် ထိုမြို့နဲ့ လေးနာရီအကွာအဝေးသာကြာမည့်လမ်းခရီးဖြစ်သောကြောင့် ကားတစ်စီးငှါးပြီး ထိုနေရာသို့ အရောက်သွားနိုင်ကြောင်း အကြံပေးခဲ့သည်။ ရွေးချယ်စရာမရှိတော့သည်မို့ ဝေလံခေါင်ဖျားသောနေရာဒေသများသို့ နာရီပေါင်းများစွာကားမောင်းရမည်ကိုသိပ်မနှစ်သက်လှသော်လည်း ထိုအကြံကိုလက်ခံလိုက်ရတော့သည်။ သည်လိုဖြင့် ဒေါက်တာစတီဗင်သည် ကားတစ်စီးငှါးပြီး သူ၏ခရီးစဉ်ကို အစပြုတော့သည်။

သို့ရာတွင် သူထွက်ခွါပြီးမကြာသောအချိန်တွင် ရာသီဥတုမထင်မှတ်လောက်အောင် ရုတ်တရက်ပြောင်းလဲသွားကာ ပြင်းထန်သောလေမုန်တိုင်းကြီးရိုက်ခတ်လာခဲ့သည်။ အဆက်မပြတ်သဲကြီးမဲကြီးရွာသွန်းသောမိုးရေများကြောင့် ကားလမ်းကိုပင် မြင်နိုင်ဖို့ခဲယှဉ်းလေရာ သူသွားရမည့်ဦးတည်ချက်နဲ့ လွဲချော်သွားလေတော့သည်။ လမ်းလွဲနေကြောင်းကိုနှစ်နာရီကြာကားမောင်း ပြီးသည့်နောက်မှသာ လမ်းပျောက်နေမှန်းသူအသေအချာသိခဲ့ရသည်။ လူသူကင်းမဲ့သောလမ်းပေါ်၌ သည်းသည်းမဲမဲရွာသွန်း နေသောမိုးရေထဲတွင်ကားမောင်းလာရင်း ဆာလောင်ခြင်းနှင့်မောပန်းခြင်းကိုခံစားလာရသဖြင့်  စိတ်ပူပန်လာသဖြင့် လူနေအိမ် တစ်ခုတစ်လေများရှိနေမလားဟု တွေးတောရင်းရှာဖွေနေခဲ့ရတော့သည်။ 

အချိန်အနည်းငယ်အကြာတွင် ဟောင်းနွမ်းစုတ်ပြတ်ပျက်စီးနေသောတဲအိမ်ငယ်လေးတစ်လုံးရှေ့သို့ဖြတ်လာခဲ့သည်။ မျှော်လင့်ချက်ကြီးစွာနဲ့ ကားပေါ်မှဆင်းလာကာ အိမ်တံခါးကိုခေါက်လေရာ အမယ်အိုတစ်ယောက်မှ တံခါးလာဖွင့်ပေးခဲ့သည်။ သူ၏အဖြစ်အခြေအနေကိုပြောပြပြီး တယ်လီဖုန်းကို အသုံးပြုလို့ရနိုင်မလားဟုမေးကြည့်ရာ အမယ်အိုထံမှ သူမမှာ တယ်လီဖုန်း မရှိကြောင်းနှင့် လျှပ်စစ်မီးပင်လျင်မရှိကြောင်း ပြန်ဖြေခဲ့လေသည်။ သို့ရာတွင်သူမ၏အိမ်မှ သူ့ကိုနွေးထွေးစွာကြိုဆိုကြောင်းနှင့် စားစရာအချို့နှင့် ကိုယ်နွေးစေမည့် သောက်စရာတစ်ချို့ယူစားလို့ရကြောင်း နွေးထွေးပျူငှါစွာကြိုဆိုခဲ့သည်။ သူ၏ဦးတည်ရာ လမ်းနဲ့ လုံးလုံးလွဲသွားပြီဖြစ်သောကြောင့် ရာသီဥတုကောင်းသောအချိန်မှသာ ပြန်လည်ရှာဖွေခရီးဆက်နိုင်ဖို့ရန် လိုအပ်သောအား အင်ရရှိဖို့ရန် ဆာလောင်မွတ်သိပ်၊ စိုစွတ်၊ မောပန်းနေသော ဒေါက်တာသည် သူမ၏ကြင်နာသောကမ်းလှမ်းမှုကို လက်ခံကာ အိမ်အတွင်းသို့ဝင်သွားခဲ့သည်။ အမယ်အိုသည် စားစရာတစ်ချို့နှင့် ပူပူနွေးနွေးလက်ဖက်ရည်ကို စားပွဲပေါ်၌ချထားပြီး မိမအိမ်လိုပင်သဘောထား၍ လွတ်လပ်စွာစားသောက်နိုင်ကြောင်းနှင့် သူမ၏ဆုတောင်းမေတ္တာရွတ်ဆိုခြင်းကို အဆုံးသတ်ဖို့ခွင့်ပြု ရန်မေတ္တာရပ်ခံလေသည်။ ထိုင်ခုံပေါ်ထိုင်ရင်း လက်ဖက်ရည်ကို စုပ်ယူသောက်နေရင်းနဲ့ မေးမှိန်ပျပျဖယောင်းတိုင်အလင်းရောင် အောက်ရှိ ပုခက်ငယ်လေး၏ဘေးတွင် ဆုတောင်းနေသောအမယ်အိုကို ဒေါက်တာသည်ငေးကြည့်နေမိတော့သည်။ ဆုတောင်း မေတ္တာတစ်ပုဒ် ရွတ်ဆိုပြီးတိုင်း တခြားသောဆုတောင်းမေတ္တာတစ်ပုဒ်ဖြင့် ပြန်စခဲ့သည်ကိုတွေ့ခဲ့ရသည်။ အမယ်အိုခမျာ အကူအညီတစ်ခုခုလိုနေမည်ဟုခံစားရပြီး အမယ်အို၏ ဆုတောင်းမေတ္တာတစ်ပုဒ်ရွတ်ဆိုပြီးသည်နှင့်တစ်ပြိုင်နက် အခွင့်အရေးကို ကောင်းမွန်စွာအသုံးချကာ ဘုရားသခင်က သူမ၏ဆုတောင်းချက်များ နားညောင်းလက်ခံမည်ဟု မျှော်လင့်မကြောင်း ဒေါက်တာသည် ပြောဆိုအားပေးခဲ့သည်။ ထိုတင်မက သူ့အနေဖြင့် မည်သည့်အကူအညီများပေးနိုင်မလဲဟုမေးကြည့်လေ၏။

အမယ်အိုက သူ့ကိုပြုံးပြကာ ဘုရားသခင်ကသူမ၏ဆုတောင်းချက်များထဲမှ ဤဆုတောင်းချက်တစ်ခုမှလွဲ၍ ဆုတောင်းချက်တိုင်း ကို နားညောင်းလက်ခံပေးကြောင်းသူမပြောကြားခဲ့သည်။ သူမ၏ယုံကြည်ခြင်းအားနည်းခြင်းကြောင့်သာ ထိုအထူးဆုတောင်း ချက်ကို ဘုရားရှင်က နားညောင်းခြင်းမပေးနိုင်ကြောင်းဖြစ်ပေလိမ့်မည်ဟု သူမရှင်းပြခဲ့သည်။ သူမအနေနဲ့မည်သည့် အကူအညီမျိုးလိုအပ်နေကြောင်း ပြောပြ၍ရမည်လားဟုမေးကြည့်လေရာ ပုခက်ထဲမှာရှိနေသောကလေးငယ်သည် သူမ၏ မြေးကလေးဖြစ်ကြောင်း ထိုကလေးတွင် အလွန်ရှားပါးသောကင်ဆာရောဂါအမျိုးအစားတစ်ခုရှိကာ ဆရာဝန်များစွာနဲ့ပြသ ခဲ့သော်လည်း မြေးလေး၏ရောဂါကို ပျောက်ကင်းအောင်မကုသပေးနိုင်ကြောင်း ထိုရောဂါကိုအမြစ်ပြတ်ကုသပေးနိုင်သည့် အထူးသုတေသနပြုထားသောဆရာဝန်တစ်ယောက်ရှိကြောင်း ထိုသူ၏အမည်မှာ ဒေါက်တာစတီဗင်ဖြစ်ကြောင်း သူမအနေနဲ့ ထိုဒေါက်တာကို ပင့်ယူဖို့ရန်နေရာ၊ ဒေသ အလွန်ကွာဝေးသောကြောင့် အဆင်မပြေနိုင်ကြောင်းပြောပြခဲ့သည်။ ဤအတွက် ကြောင့်ပင် သူမအနေနဲ့ နေ့ရက်များစွာနှင့် ညပေါင်းများစွာကို မြေးလေးရောဂါကိုပျောက်အောင်ကုသပေးနိုင်မည့် အဆိုပါ ဆရာဝန်ထံသို့သွားနိုင်မည့်နည်းလမ်းတစ်ခုများ ရနိုင်ဖို့အတွက် ဘုရားရှင်ထံအဆက်မပြတ်ဆုတောင်းနေရခြင်း ဖြစ်ကြောင်းရှင်းပြခဲ့သည်။

အမယ်အို၏စကားလုံးများကိုကြားနေရင်းနဲ့ပင် ဒေါက်တာစတီဗင်၏မျက်နှာပြင်ပေါ်တွင် မျက်ရည်စက်များ အဆက် မပြတ်ကျဆင်းခဲ့လေသည်။ မျက်ရည်ကျရင်းနဲ့ပင် ဒေါက်တာစတီဗင်သည် အမယ်အိုထံသို့

''ဘုရားသခင်က အရမ်းကောင်းမြတ်တာပဲ...အဘွားကို ဒေါက်တာစတီဗင်နဲ့တွေ့နိုင်ဖို့အတွက် ကျွန်တော် လေယာဉ်ပျံစီးနေတဲ့အချိန်မှာ ပျံသန်းခွင့်ရပ်တန့်စေခဲ့တယ်။ လျှပ်စစ်မိုးကြိုးမုန်တိုင်းတွေတိုက်လာပြီးတော့ ကျွန်တော် လမ်းပျောက်ခဲ့တယ်။ ဒီအရာတွေအားလုံးကိုခြုံပြီးကြည့်ရင် ဘုရားသခင်က ကျွန်တော့်ရဲ့ဆုတောင်းသံကို လက်မခံပေးခဲ့ပေမယ့် ဘုရားသခင်က ဒေါက်တာစတီဗင်ကို အဘွားရဲ့အိမ်ကို ဆိုက်ဆိုက်မြောက်မြောက် အရောက်ပို့ပေးခဲ့တယ်။ ကျွန်တော်က ဒေါက်တာစတီဗင်ပါ အဘွား...'' ဟုပြောခဲ့လေသည်။

မျက်ရည်များသူမ၏ပါးပြင်ပေါ်တွင် အဆက်မပြတ်စီးဆင်းနေခဲ့သလို ဒေါက်တာစတီဗင်၏မျက်နှာတွင်လည်း မျက်ရည်မိုးများ  ကျဆင်းနေခဲ့လေတော့သည်။


   How God answered our Prayers? by Vayalicmf ကိုဆီလျော်အောင်ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။


နောင်လွိုင်းလူ (ကေလး)