Notice

Hello Everyone! My Page is still under construction! Thank You for your visit.

Warmly Welcome from Naung Loy Lu - Kalay's personal blog!
Greeting from Naung Loy Lu (Kalay)!
Hello, friends, life is short and precious. I publish this blog for the intention of to be my footprint after my death. I am very interested in blogging.Thanks to visiting my blog. You can contact me via gmail,i.e., naungloylu@gmail.com

ဇနီးသည်လေးယောက်

    တစ်ခါက ဇနီးလေးယောက်ရှိပြီး တော်တော်ချမ်းသာတဲ့ ကုန်သည်ကြီးတစ်ယောက်ရှိခဲ့တယ်။ ကုန်သည်ကြီးဟာ သူ့မိန်း မတွေထဲမှာမှ စတုထ္ထမြောက်မိန်းမကိုသာ အချစ်ဆုံးဖြစ်တဲ့အတွက်ကြောင့် သူမကိုအကောင်းဆုံးအဝတ်အစားတွေ ဝတ်ဆင်စေပြီး အလတ်ဆတ်ဆုံးနှင့် အရသာအကောင်းဆုံးအစားအစာတွေကို စားစေခဲ့တယ်။ ကုန်သည်ကြီးက သူမကိုအလွန်ဂရုစိုက်ကာ အကောင်းဆုံးဟူသမျှကို ပေးခဲ့တယ်။ တတိယမြောက်မိန်းမလည်းပဲ အလွန်လှတဲ့အတွက်ကြောင့် ကုန်သည်ကြီးဟာ သူမကိုပိုင်ဆိုင် နေရတာကိုပဲ ဂုဏ်ယူပျော်ရွှင်နေသလို တစ်ခါတစ်ခါ သူ့အပေါင်းအသင်းတွေကြားမှာ လှပသောဇနီးကို ပွဲထုတ်လေသတဲ့။ ဒါ ပေမယ့် တတိယမြောက်မိန်းမက အဝေးကိုထွက်ပြေးပြီးတော့ တချို့သောအမျိုးသားများနဲ့ လက်ထပ်မှာကို စိုးရိမ်နေခဲ့တာပေါ့။  ဒုတိယမြောက်ဇနီးသည်ကိုလည်း ကုန်သည်ကြီးက တော်တော်ချစ်ရှာသတဲ့။ ဒုတိယမြောက်မိန်းမကိုချစ်နေရခြင်းက သူမဟာ စဉ်းစားတဲ့နေရာမှာ ချင့်ချိန် စဉ်းစားတတ်ရုံသာမက စိတ်ရှည်လေတော့ ကုန်သည်ကြီးရဲ့ ယုံကြည်အားထားရဆုံးဖြစ်လေသတဲ့။ ဒါတင်မကသေးဘဲ ဖြေရှင်းရမယ့် အခက်အခဲပြဿနာတစ်ခုခုရှိလေတိုင်း သူမဆီမှာ အမြဲတမ်းချဉ်းကပ်ပြီး သူ့ရဲ့ပြဿနာတိုင်းကို ဖြေရှင်းစေသတဲ့။ ပြဿနာ တိုင်းကိုလည်း သူမဟာ ဖြေရှင်းနိုင်ခဲ့တယ်။ ကုန်သည်ကြီးရဲ့ ပထမမိန်းမကတော့ တော်တော် သစ္စာရှိတဲ့လက်တွဲဖော်ဖြစ်တယ်။ သူမဟာ ပေးကမ်းစွန့်ကြဲတဲ့နေရာမှာ ရက်ရက်ရောရောပေးကမ်းတတ်သူဖြစ်သလို ခင်ပွန်းသည် ပိုင်ဆိုင်ထားတဲ့ ဥစ္စာပစ္စည်းတွေကိုလည်း ကောင်းကောင်းထိန်းသိမ်းတတ်ပြီး အိမ်မှုကိစ္စကိုလည်း နိုင်နင်းတဲ့ သူတစ်ယောက် ဖြစ်တယ်။ ဒါပေမယ့် ပထမမိန်းမက သူ့ကိုနက်နက်ရှိုင်းရှိုင်းချစ်နေပေမယ့် ကုန်သည်ကြီးက သူမရဲ့အချစ်ကို သတိတောင်မထား မိခဲ့ပါဘူး။

တစ်နေ့မှာတော့ ကုန်သည်ကြီးဟာ အပြင်းအထန်ဖျားနာပါတော့တယ်။ မကြာခင်သေရတော့မယ်ဆိုတာ ကိုယ့်ကိုယ် ကိုယ်သိထားတဲ့အတွက်ကြောင့် သူကျန်းမာစဉ်တုန်းက ကျကျနန ဇိမ်ခံနေနိုင်သောဘဝကို တစ်ယောက်တည်း ပြန်လည်တွေးတော နေရင်း 



''အခုအချိန်မှာ ငါ့မိန်းမလေးယောက်နဲ့အတူ ရှိနေနိုင်တယ်။ ဒါပေမယ့် ငါသေသွားရင် ငါ
တစ်ယောက်တည်း ဖြစ်နေ တော့မှာ... ငါ တော်တော်အထီးကျန်နေမှာပဲ''ဟု တွေးနေစဉ်မှာ စတုထ္ထမြောက်မိန်းမဖြတ်လျှောက်လာတာတွေ့တော့

''အချစ်...ကိုယ့်မိန်းမတွေထဲမှာ မင်းကိုအချစ်ဆုံးပဲ ကိုယ် မင်းကိုအကောင်းဆုံးအဝတ်အစားတွေနဲ့ ဆင်မြန်းထား တယ်... ကိုယ်မင်းကို ဂရုတစိုက် စောင့်ရှောက်ခဲ့တယ်...အခု ကိုယ်သေရတော့မယ်ဆိုတာ ကိုယ်သိနေတယ်။ ကိုယ်သေရင် ကိုယ့်နောက်ကိုလိုက်ပြီး အဖော်ပြုပေးနိုင်မလား'' ဆိုပြီးမေးလိုက်တော့ သူမက

''ကျွန်မ မလိုက်နိုင်ဘူး'' ဆိုပြီး နောက်ထပ်စကားတစ်ခွန်းမျှ မပြောဆိုတော့ဘဲ အဝေးသို့ထွက်သွားတော့တယ်။ ကုန်သည် ကြီးခင်ဗျာ သူ့ရဲ့နှလုံးသားတည့်တည့်ကို ထက်သောဓါးနဲ့တည့်တည့်ကြီးထိုးမိသလို ခံစားနေရပါတော့တယ်။

ဝမ်းနည်းနေတဲ့ကုန်သည်ကြီးမှာ သူ့ရဲ့ တတိယမြောက်ဇနီးသည်ကို

''ကိုယ့်ရဲ့ဘဝအားလုံးအတွက် ကိုယ်မင်းကိုချစ်မြတ်နိုးခဲ့တယ်။ အခု ကိုယ်သေရတော့မယ်ဆိုတာ ကိုယ်သိနေတယ်။ ကိုယ်သေရင် ကိုယ့်နောက်ကိုလိုက်ပြီး အဖော်ပြုပေးနိုင်မလား'' ဆိုပြီးမေးလိုက်တော့ သူမက

''အဖော်မပြုနိုင်ပါဘူးတော်...ကျွန်မဘဝက သည်မှာသာယာနေတာပဲ...ရှင်သေရင်ကျွန်မ အခြားတစ်ယောက် နဲ့ပြန်လက်ထပ်မှာရှင့်'' ဟူသော တတိယဇနီးရဲ့ တုန့်ပြန်ချက်ကိုကြားလိုက်ရတော့ ကုန်သည်ကြီးရဲ့နှလုံးသားဟာ အစိတ်စိတ် အြ>ွမာြ>ွမာကြေမွသလိုခံစားရကာ အေးစက်နေပါတော့တယ်။ သည်လိုနဲ့ သူ့ရဲ့ ဒုတိယမြောက်ဇနီးကို

''ကိုယ်အကူအညီလိုအပ်နေတဲ့အချိန်တိုင်းမှာ အချစ်အနားကိုချဉ်းကပ်ပြီး အကူအညီတောင်းခံတိုင်း အချစ်က ပုံမှန် ကူညီတယ်''

''အခု ကိုယ်သေရတော့မယ်ဆိုတာ ကိုယ်သိနေတယ်။ ကိုယ်သေရင် ကိုယ့်နောက်ကိုလိုက်ပြီး အဖော်ပြုပေးနိုင်မလား'' ဆိုပြီးမေးလိုက်တော့ သူမက

''ကျွန်မ သည်တစ်ခေါက်တော့ ရှင့်ကိုမကူညီနိုင်ဘူးရှင့်'' 

''ကျွန်မကူညီနိုင်တာက ရှင်သေရင်တော့ သင်္ချုံင်းကိုပဲ ကျွန်မလိုက်ပို့နိုင်မှာ''

လုံးဝမျှော်လင့်မထားခဲ့သော အဖြေကို ရုတ်တရက်ကြားလိုက်ရတဲ့အချိန်မှာပဲ ကုန်သည်ကြီးမှာ မိုးခြိမ်းသံကြီးကို ကြားရသကဲ့သို့ ဖြစ်သွားကာ အလွန်စိတ်ထိခိုက် ညှိုးငယ်နေပါတော့တယ်။  ထိုအချိန်အတွင်းမှာပဲ ''ကျွန်မ ရှင့်နောက်ကိုလိုက်ပါ့မယ်... ရှင်ဘယ်သွားသွား ကျွန်မ လိုက်ပါ့မယ်'' ဆိုတဲ့အသံကို ကြားလိုက်ရတော့

အသံလာရာကို ကြည့်လိုက်ရာ သူမေ့လျော့ထားတဲ့ သူ့ရဲ့ပထမဇနီးကို တွေ့ရတော့တယ်။ သူမဟာ ပိန်လှီနေတာကြောင့် အဟာရချို့တဲ့နေတဲ့ရောဂါသည်တစ်ယောက်ပုံပေါက်နေပါတယ်။ သည်လိုနဲ့ ကုန်သည်ကြီးက ငိုယိုရင်းနဲ့ပင်

''ကိုယ် ကျန်းမာရေးကောင်းတုန်းက ကိုယ်မင်းကိုပိုပြီးတော့ စောင့်ရှောက်ခဲ့သင့်ပါတယ်'' 

ဆိုပြီး နောင်တရနေပါတော့တယ်။

ပုံပြင်လေးက သည်လောက်လေးပဲဖြစ်ပေမဲ့ အဓိပ္ပါယ်လေးနက်လှပါတယ်။ 

လူ့လောကမှာ နေထိုင်ကြတဲ့ အမျိုးသားမှန်သမျှမှာ ဇနီးလေးယောက်ရှိကြသလို အမျိုးသမီးတိုင်းကလည်း ခင်ပွန်း လေးယောက်စီရှိကြပါတယ်။ သည်ပုံပြင်မှာ ဖော်ပြထားတဲ့ ကုန်သည်ကြီးရဲ့ စတုထ္ထမြောက်ဇနီးသည်ဟာ ကျွနု်ပ်တို့ရဲ့ ခန္ဓာကိုယ်ကို ရည်ညွှန်းထားပါတယ်။ ကျွနု်ပ်တို့ဟာ နေ့ရောညပါ ကျွနု်ပ်တို့ရဲ့ခန္ဓာကိုယ်ကို ချစ်တတ်ကြတယ်။ ချစ်တဲ့အတွက်ကြောင့်လည်း မနက်အိပ်ယာထတိုင်းမှာ မျက်နှာသစ်ကြတယ်။ ကျွနု်ပ်တို့ရဲ့ခန္ဓာကိုယ်အတွက် ကောင်းမွန်တဲ့ရှုးဖိနပ်တွေ၊ ကောင်းမွန်တဲ့ အဝတ် အစားတွေကို ဝတ်ဆင်ပေးကြတယ်။ ဒါတင်မဟုတ်သေး လတ်ဆတ်ကောင်းမွန်တဲ့အစားအစာကိုလည်း ကျွနု်ပ်တို့ရဲ့ခန္ဓာကိုယ်ကို ကျွနု်ပ်တို့ပေးတတ်ကြတယ်။ ပုံပြင်ထဲက စတုထ္ထမြောက်ဇနီးသည်လိုပဲ ကျွနု်ပ်တို့ရဲ့ ခန္ဓာကိုယ်ကို ကျွနု်ပ်တို့ လွန်စွာမှ ဂရုစိုက် တတ်ကြတယ်။ ဒါပေမဲ့ မျှော်လင့်မထားဘဲနဲ့ ကျွနု်ပ်တို့ရဲ့ နောက်ဆုံးအချိန်ကာလမှာ  စတုထ္ထမြောက်ဇနီးသည်လိုပဲ ကျွနု်ပ်တို့ ရဲ့ခန္ဓာကိုယ်က ကျွနု်ပ်တို့ရဲ့နောက်ကိုလိုက်နိုင်မှာမဟုတ်ပါဘူး။ ပညာရှိများအဆိုရှိသလိုပဲ ''နောက်ဆုံးထွက်သက်မှာ  ကျွနု်ပ်တို့ရဲ့ ခန္ဓာကိုယ်က ကျွနု်ပ်တို့ကို စွန့်ပစ်တဲ့အခါ ကျွနု်ပ်တို့ရဲ့အသွင်အပြင်ပြောင်းလဲသွားကာ လှပသောမျက်နှာကို ကျွနု်ပ်တို့ ဆုံးရှုံးကြ ရတယ်'' ကျွနု်ပ်တို့ သေဆုံးတဲ့အခါမှာလည်း ကျွနု်ပ်တို့ကိုချစ်တဲ့သူတွေလာရောက်ပြီး ငိုကြွေးနေကြပါလိမ့်မယ်။ ဒါပေမယ့် ပြန်လည်ပြောင်းလဲဖို့တော့ မဖြစ်နိုင်တော့ဘူးလေ။ သူတို့ငိုေြ<ွကးပြီးတဲ့နောက်မှာပဲ ကျွနု်ပ်တို့ရဲ့ခန္ဓာကိုယ်ဟာ မြေကြီးထဲမှာ ပို့ ဆောင်ခြင်းခံရပြီး မြေမှုန့်အဖြစ်သာကျန်နေပါတော့တယ်။ ဒါဟာ  ကျွနု်ပ်တို့ရဲ့ ခန္ဓာကိုယ်ရဲ့ နောက်ဆုံးပန်းတိုင်ပဲဖြစ်ပါတယ်။

တတိယမြောက်ဇနီးဟာ ကျွနု်ပ်တို့ရဲ့ပိုင်ဆိုင်မှုတွေ ဂုဏ်ပကာသနနှင့် စည်းစိမ်ဥစ္စာတွေကို ရည်ညွှန်းထားပါတယ်။ ကျွနု်ပ်တို့သေဆုံးတဲ့အခါမှာတော့ ကျွနု်ပ်တို့ပိုင်ဆိုင်သမျှတွေဟာလည်း ကျွနု်ပ်တို့နှင့်အတူ လိုက်ပါနိုင်မှာမဟုတ်ပါဘူး။ ဒုတိယမြောက်ဇနီးကိုကိုယ်စားပြုတဲ့အရာဟာ ကျွနု်ပ်တို့ရဲ့မိသားစုဝင်တွေနှင့် သူငယ်ချင်းများဖြစ်ကြပါတယ်။ လောကမှာ အသက်ရှင်စဉ်တုန်းက ကျွနု်ပ်တို့တတွေ ဘယ်လောက်ထိ ချစ်ကြသည်ပဲဖြစ်ဖြစ် ဘယ်လောက်ထိသွေးသားတော်စပ်သည်ပဲဖြစ်ဖြစ် ကျွနု်ပ်တို့ သေဆုံးတဲ့အခါ သူတို့တတွေ ကျွနု်ပ်တို့နဲ့အနီးကပ်ဆုံးနေနိုင်တာက ကျွနု်ပ်တို့ရဲ့ အုတ်ဂူဘေးမှာပဲ နေနိုင်မှာဖြစ်ပါတယ်။ ကုန်သည် ကြီးရဲ့ပထမမြောက်ဇနီးသည်ကို ရည်ညွှန်းထားတာကတော့ ကျွနု်ပ်တို့ရဲ့ဝိညာဉ်ပဲဖြစ်ပါတယ်။ လောကမှာနေထိုင်စဉ် ကျွနု်ပ် တို့ သတိမထားမိတာ၊ ကျွနု်ပ်တို့မကြာခဏ လျစ်လျူရှုတတ်တာကတော့ ကျွနု်ပ်တို့ရဲ့ဝိညာဉ်ပဲဖြစ်ပါတယ်။ လောကစည်းစိမ် ချမ်းသာခံစားရချိန်တွေနှင့် ကာမဂုဏ်စည်းစိမ်ခံစားနေတဲ့အချိန်တွေမှာ ကျွနု်ပ်တို့ရဲ့ဝိညာဉ်ကို ကျွနု်ပ်တို့ပိုပြီးတော့မေ့နေတတ် ကြတယ်။ ဘဝမှာအလိုအပ်ဆုံးက ကျွနု်ပ်တို့တတွေ နောင်ဘဝအတွက် ထာဝရအသက်သုခချမ်းသာရဖို့အတွက် ခေတ္တခဏ နေထိုင်စဉ်လူ့လောကမှာ ကျွနု်ပ်တို့ဝိညာဉ်ရေးအတွက် ကျွနု်ပ်တို့ ကြိုးစားကြရမှာဖြစ်ပါတယ်။ အတိတ်မှာ ကျွနု်ပ်တို့ရဲ့ဝိညာဉ် ကို ကျွနု်ပ်တို့ လျစ်လျူရှုထားခဲ့ရင် အခုကစပြီး ကျွနု်ပ်တို့ရဲ့ဝိညာဉ်ထာဝရအသက် ရဖို့အတွက် ပိုပြီးတော့ကြိုးစားကြပါစို့လို့သာ အားပေးချင်မိပါတော့တယ်။

ရှင်မာတေဦးဧဝံဂေလိကျမ်း ၁၆း၂၆

''လူသည်ကား ဤစကြာဝဋ္ဌာတစ်ခုလုံးကို အစိုးရသော်လည်း မိမိ၏အသက်ဝိညာဉ်ကိုဆုံးရှုံးလျှင် အဘယ်အကျိုးရှိ မည်နည်း။ သို့မဟုတ် မိမိ၏အသက်ဝိညာဉ်ကို မည်သည့်အရာနှင့် လဲလှယ်မည်နည်း။''


ဝန်ခံချက်။ ။ အင်တာနက်စာမျက်နှာတစ်ခုမှ The 4 Wives ကို ဆီလျော်အောင်ဘာသာ ပြန်ထားခြင်းဖြစ်ပါသည်။

                                                    နောင်လွိုင်းလူ (ကလေး)