(အခြေပြုကျမ်း - ရောမသြဝါဒစာ ၁း၁၈-၂ဝ)
လှသောပန်းချီကားကို ခံစားခြင်းအားဖြင့်
တော်သောပန်းချီဆရာဟု ပြောဆိုနိုင်၏။
လှသောပန်းကို မြင်ရခြင်းဖြင့်
ကောင်းသောပန်းပွင့်ဟု သတ်မှတ်နိုင်၏။
ချိုသောအသီးကို စားသုံးရခြင်းဖြင့်
မြတ်သောအပင်ဟု ဆိုနိုင်ပါ၏
လိမ္မာသောသား/သမီးများအားဖြင့်
ကောင်းသောမိဘများဟု ဆိုကြရ၏
ကောင်းမြတ်သောဖန်ဆင်းခံအရာများအားဖြင့်
ကောင်းမြတ်သောဖန်ဆင်းရှင်ကို သိရှိနိုင်၏
ငြိမ့်ညောင်းသောအသံ ကြားရခြင်းဖြင့်
ကောင်းသောအတီးသမားဟု သမုတ်ရာ၏
လှသောစာသားကို ဖတ်ရှုခြင်းဖြင့်
ကောင်းသောစာရေးဆရာဟု ဆိုနိုင်ရာ၏
ကောင်းသောငယ်သားအားဖြင့်
ကောင်းသောခေါင်းဆောင်ဟု ပြောဆိုနိုင်၏။
နောင်လွိုင်းလူ (ကေလး)